{အပိုင္း၂၁}

3 0 0
                                    

အမုန်းများဖြင့် ကျိန်ဆိုခဲ့လေသော {အပိုင်း၂၁}

.................................................................................

ဒီမှာ မိန်းကလေး...မင်းသမီးဆီမှာ ခစားတယ်ဆိုရင်လည်း...သင့်ကို မှာစရာရှိတာတော့ မှာထားလိုက်ပါအုံးမယ်..."

ထိုစကားကြောင့် ဝတီ ခေါင်းငုံ့ကာ မျက်လွှာချ၍ ရှေ့ဆက်ပြောလာမည့်စကားကို နားစိုက်ထောင်နေလိုက်သည်။

မိဖုရားကြီး ထိပ်ထားဒေဝီ မျက်နှာ မဲ့ရွှဲ့သွားလေပြီး...စကားကို ပြန်ဆက်၏။

ကျွနိုပ်တို့ရဲ့ တူမတော် မင်းသမီးက အင်မတန် စိတ်ထားဖြူစင်လွန်းတဲ့ကလေးပဲ...သနားတတ်တယ်...ကြင်နာတတ်တယ်...ဒါကြောင့်မို့ သူ့ရဲ့သနားကြင်နာပေးမှူ့ကို ...သင် အခွင့်ရေးယူဖို့တော့ မတွေးပါနဲ့...မိန်းကလေး..."

သင့်အနေနဲ့ သက္ကရဓမ္မီမှာ ဘယ်လို စံမြန်းနေထိုင်ခဲ့တယ်ကို ကျွနု်ပ် မသိပေမယ့် .ဒီမှာတော့ သင်ဟာ နန်းတွင်းအစေခံတစ်ယောက်ရယ်မို့ ...ကိုယ့်နေရာ ကိုယ်သိပါ မင်းသမီးအပေါ် သစ္စာစောင့်သိပါ အရေးပေးမှု့ကို အခွင့်ရေးယူတာမျိုး လုံးဝ မဖြစ်ပါစေနဲ့ ကြားသလား..."

မောက်မာစွာ ဆိုလေတော့ ကြားက မင်းသမီး စူဋ္ဌကလျာသုန္ဒရဝတီကို အားနာသွားခဲ့ရလေပြီး ...ပျာပျာသလဲ ဝင်ဖြေရှင်းတော့သည်...။

ဟို မိဖုရားကြီး...ကလျာ လျောက်ထားပါရစေအုံး...သုန် သုန္ဒရဝတီကလေ.မိဖုရားကြီး တွေးပူနေသလို မဟုတ်ရပါဘူး...သူ ဘာအခွင့်ရေးမှလည်း မယူရပါဘူး...ကလျာ့အပေါ်မှာလည်း ...ကောင်းမွန်စွာ အလုပ်ကျွေးပြုပြီး အခစားဝင်ပါတယ်...ဒါကြောင့် .ဒီလိုတော့ မပြောပါနဲ့ မိဖုရားကြီးရယ်..."

အိုကွယ်...မင်းသမီးက အစေပါးအပေါ် သိပ်ကို အရေးပေးချင်တာပဲကိုး...လူတွေကို အလွယ်တကူ မယုံရဘူး မင်းသမီးရဲ့...အထူးသဖြင့် သူတို့တွေအပေါ်မှာပေါ့..."

မြောက်နန်းစံမိဖုရားကြီး သက်ထားကေသရီကပါ ကြားက ဝင်ပြောလာလေပြီး ဝတီကို မေးဆက်ပြသည်...။ထို့နောက် ...စကားကို ပြန်ဆက်၏။

သူတို့က သက္ကရဓမ္မီက စစ်ရှုံးလို့ ပါလာခဲ့ရတဲ့ သုံ့ပန်းတွေပါ မင်းသမီး...သူတို့အပေါ်မှာ အရမ်းကြီး မကြင်နာမိပါစေနဲ့...ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့တိုင်းပြည် အရေးနိမ့်ခဲ့ပြီး ဒီကိုပါလာခဲ့ရတဲ့အတွက် သူတို့ရင်ထဲမှာ နာကျည်းမှု့တွေ အနည်းအများမဆိုတော့ စွန်းထင်းနေမှာပဲ...မတော်လို့ အညိုးထားပြီး မင်းသမီးအပေါ် မကြံစည်သင့်တာ ကြံစည်ခဲ့ရင်ဖြင့် ခက်ကုန်မယ် မင်းသမီး အသင် သတိထားတာ ပိုကောင်းပါလိမ့်မယ်..."

အမုန်းများဖြင့်‌ ကျိန်‌ဆိုခဲ့‌လေ‌သောWhere stories live. Discover now