အမုန်းများဖြင့် ကျိန်ဆိုခဲ့လေသော {အပိုင်း၃၉}
...........................................................................
ဘာ...ဘယ်လို ပြောလိုက်တယ် မောင်တော်ဘုရား မင်းသမီး မနော်ဟယ်ရီကို မင်းသားမဟာအဂ္ဂနဲ့ လက်ဆက်ထိမ်းမြားစေမယ် ဟုတ်ပါသလား..."
အိစက်ညက်ညောသော သလွန်တော်အိပ်ရာထက်ဝယ် ... လှဲလျောင်းရင်း မိမိ၏ နှိပ်နယ်ပေးခြင်းကို ခံယူနေရာမှ မင်းကြီးသည် ရုပ်တရပ် မိမိ၏တူမတော်မနော်ဟယ်ရီနှင့် မင်းသား မဟာအဂ္ဂကို လက်ဆက်စေမည်ဟု ဆိုလာလေသောကြောင့် ထိပ်ထားဒေဝီ အလန့်တကြား ပြန်မေးမိလေသည်။
သူမနည်းတူပင် မင်းကြီးအား ကုတင်ဘေးက ခုံမှာ ထိုင်ရင်း မြို့စားများ ပို့သခဲ့လေတဲ့ အစီရင်ခံစာတွေကို ဖတ်ပြနေလေသော မိဖုရား သက်ထားကေသရီသည်လည်း လန့်သွားသယောင်ရှိကာ မင်းကြီးအား မျက်ဝန်းအဝိုင်းသားဖြင့် ငေးကြည့်နေတော့၏။
မင်းကြီးက ခေါင်းကို အသာယာ ညိတ်ပြလာလေပြီး...။
ဟုတ်တယ် နှမတော်တို့ .ငါကိုယ်တော်ရဲ့ သားတော် မင်းသား မဟာအဂ္ဂကို ဂိုနိုင်ငံ မင်းသမီး မနော်ဟယ်ရီနဲ့ ထိမ်းမြားစေမှာ အမှန်တကယ်ပဲ...ဖြစ်တယ်ကွယ့်..."
ဟင်..."
မင်းကြီးက တည်ငြိမ်စွာ ဆိုလိုက်ခြင်း ဖြစ်သော်လည်း ထိပ်ထားဒေဝီကတော့ အဆမတန် မျက်လုံးပြူးသွားရသည်။ ခေါင်းကို ဘယ်ညာ ယမ်းခါပစ်လိုက်ပြီး...။
မင်း...မင်းသား မဟာအဂ္ဂနဲ့ မနော်ဟယ်ရီက မ မဖြစ်နိုင်ပါဘူး မောင်တော်ဘုရား..."
ဘာကို မဖြစ်နိုင်ရတာလဲ နှမတော် သားတော် မဟာအဂ္ဂနဲ့ နှမတော်ရဲ့ တူမတော် မနော်ဟယ်ရီက ဘာအတွက် မဖြစ်နိုင်ရတာလဲ...သူတို့နှစ်ဦးကို ထိမ်းမြားလက်ဆက်ပေးလိုက်ခြင်းက မောဝိယနဲ့ ဂိုနိုင်ငံကို ပိုမို ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးမျိုးတည်ဆောက်ပေးနိုင်လေမှာ မဟုတ်ပေဘူးလား..." ဒါဟာ ကောင်းသော ကိစ္စပဲလေကွယ်..."
မဖြစ်..မဖြစ်ဘူး မောင်တော်ဘုရား မင်းသားမဟာအဂ္ဂနဲ့ တူမတော်နဲ့ လုံးဝ မဖြစ်ဘူး နှမတော်သဘောမတွေ့ပါဘူး မောင်တော်ဘုရား ပြန်လည် စဉ်းစားပေးတော်မူပါ့..."
YOU ARE READING
အမုန်းများဖြင့် ကျိန်ဆိုခဲ့လေသော
Historical Fictionမြန်မာနန်းတွင်းဇတ်လမ်း Author တမာဝိုင်