အမုန်းများဖြင့် ကျိန်ဆိုခဲ့လေသော {အပိုင်း၂၅}
..............................................................................
ခဏ...ခဏလေး...ဝတီ မေးပါရစေအုံးရှင်...ဝတီ လိုက်ခဲ့ရမယ်ဆိုရင်လည်း ဘာအပြစ်ရှိလို့ ဘယ်သူ့အမိန့်နဲ့ လိုက်ပါရမယ်ဆိုတာလေးတော့ ပြောပြပေးပါရှင်..."
မိန်းကလေး သင့်မှာ ဘာတစ်ခုမှ မေးပိုင်ခွင့်မရှိပါဘူး သင်ဘာအပြစ်ရှိတယ် သင့်ကို ဘယ်သူ အခေါ်ခိုင်းတယ်ဆိုတာ ဟိုရောက်ရင်သာ သိပါလိမ့်မယ် ဒါကြောင့် ဘာတစ်ခုမှ ပြန်မမေးပဲ လိုက်လာခဲ့ပါ မိန်းကလေး..."
သူမ၏ အမေးကို ပြန်လည်ဖြေလေသည့် အသက်ကြီးဆုံးလူကြီး၏ စကားကြောင့် ဝတီ့ ဦးနှောက်ထဲ ရှုပ်ထွေးနောက်ကျိသွားခဲ့ရလေသည်...။ ဘာအပြစ်ကို ကျူးလွန်မိခဲ့တယ်မှန်းလည်း မသိရ ဘယ်သူ့အမိနိ့နှင့်အခေါ်ပါးသည်လည်း မသိရသည့် အဖြစ်က ဝတီကို စနိုးစနှောင့် ဖြစ်နေစေရသည်...။
ဘယ်သူများပါလဲ သူမကို အမိန့်ုဖြင့် အခေါ်ပါးလေသည်မှာ မောဝိယမင်းကြီး အမိန့်တော်များလား...။
ထိုကဲ့သို့ အတွေးရောက်မိသည်နှင့် ပွဲတော်ညက အဖြစ်ပျက်တွေကို ပြန်လည်စဉ်းစားမိသွားလေသည်...။ သေချာနေတာ တစ်ခုက သူမ ပွဲတော်ညမှာ မောဝိယမင်းကြီး မကျေနပ်စေရလောက်မဲ့ အပြစ်မျိုး တစ်စုံတစ်ရာကိုမျှ ကျူးလွန်ခဲ့ခြင်း မရှိခဲ့ပါချေ...။ ဤအတိုင်း သူမ တတ်မြောက်ထားသော ဗျက်ဆောင်းတီးခတ်ခြင်း အတတ်ပညာဖြင့်သာ ဖျော်ဖြေပေးခဲ့ခြင်းပဲ ဖြစ်လေ၏သို့ဆိုပါလျှင် ယခု အမိန့်ဖြင့် အခေါ်ပါးသည်မှာ မောဝိယ မင်းကြီးဖြစ်သည်ဆိုပါက သူမကို ဘာအတွက်ကြောင့် ခေါ်ဆောင်ခိုင်းရတာပါလိမ့်...။
ဝတီ မရေမရာစဉ်းစားရင်း အဖြေရှာမရ ဖြစ်လာရလေတော့ သူမ၏ နောက်ဆုံးသော အားကိုးရာဟာ မင်းသမီးသာ ရှိတော့သည်ဟု တွေးမိလိုက်လေကာ...ထိုအသက်ကြီးကြီး လူကြီးကို စေ့စေ့ကြည့်၍ ဆိုလိုက်သည်...။
ဒီလိုဆိုရင်လည်း ဝတီ မင်းသမီးစူဋ္ဌကလျာကို လျောက်ထားလို့ပြီးလေမှ လိုက်ပါလို့ ရလေမလား ဦးကြီး..."
ထိုလူကြီးက ခေါင်းကို ယမ်းခါလိုက်လေကာ...
မရပါဘူး မိန်းကလေး အခု တစ်ပါတည်း လိုက်ပါခဲ့ရမယ် အခုကို အတော်အချိန်လင့်နေပြီမို့ အခုပဲ လိုက်ခဲ့ပါတော့ မိန်းကလေး ..."
YOU ARE READING
အမုန်းများဖြင့် ကျိန်ဆိုခဲ့လေသော
Historical Fictionမြန်မာနန်းတွင်းဇတ်လမ်း Author တမာဝိုင်