{အပိုင္း၇}

4 0 0
                                    

အမုန်းများဖြင့် ကျိန်ဆိုခဲ့လေသော {အပိုင်း၇}

...........................................................................

ထိတ်လန့်တုန်လှုပ်နေတဲ့ နန္ဒမင်းသားကိုကြည့်ကာ မဟာအဂ္ဂ၏နှုတ်ခမ်းထက် ရက်စက်ငွေ့သမ်းသော အပြုံးတစ်ပွငိ့ တွဲခိုသွားသည်။ သ်ု့ိသော် ခဏတာမျှ ...ချက်ချင်းပြန်တည်သွားပြီး နန္ဒမင်းသား၏ ပခုံးထက် ဓါးကို အပြားလိုက်ထောက်၍ ဖိချလိုက်သည်။

နန္ဒမင်းသား မတ်မတ်ပင်မရပ်နိုင်လေတော့ တုန်လှုပ်ခြောက်ခြားစွာနဲ့ပင် ဒူးထောက်ထိုင်ချလိုက်လေကာ...။

ချမ်းးးချမ်းးသာပေးပါအရှင့်သားးးမ မလုပ်ပါနဲ့ ...အသက်ချမ်းသာပေးပါ...အရှင့်သားနဲ့တကွ...မောဝိယ ဘုရင်မင်းမြတ်ကို ကျွန်တော်မျိုး ဘယ်သော အခါမှ သစ္စာမဖောက်ဖျက်ဝံ့ပါဘူး...သေသည်အထိ ဒီသစ္စာတရား တည်မြဲနေရပါစေမယ် အရှင့်သား..."

ထိတ်လန့်စွာ လျောက်ထားလေတော့ မဟာအဂ္ဂက နန္ဒမင်းသားအား ခပ်စူးစူးစိုက်ကြည့်၍။

လူမှာကတိ ...မင်းမှာသစ္စာတဲ့ အသင့်စကားတိုင်း အသင့်ရဲ့သစ္စာက အမြဲတည်ရှိနေပါစေ ...ဒီလိုမဟုတ်ရင်တော့ ကျွနု်ပ်ဓါးကို သင့်လည်ချောင်းသွေးနဲ့ ပူဇော်ဖို့ သက္ကရဓမ္မီကို နောက်တစ်ကြိမ် ပြန်လာခဲ့ရပါလိမ့်မယ်..."

စိတ်ချပါ အရှင့်သား...ကျွန်တော်မျိုး မလုပ်ဝံ့ပါ...အရှင့်သား စိတ်ချစွာ ထားရှိခဲ့ပါလော့..."

နန္ဒမင်းသား ထိတ်လန့်စွာ ဦးတင်လေသည်။ မတုန်လှုပ်လို့လည်းမရပါပေ...မင်းသား မဟာအဂ္ဂ မည်မျှရက်စက်သူဖြစ်ပါကြောင်းကို မိမိရှေ့မှာ စစ်သူကြီး မဟာပတ္တိက၏ ဦးခေါင်းအား တိကနဲ ဖြတ်ချ၍ သက်သေပြသွားခဲ့လေပြီ မဟုတ်ပါလား...။ သူသာ ဖောက်ပြားဝံ့မည်ဆို မဟာအဂ္ဂ၏ ဓါးသွားက သူ့လည်ပင်းကို အချိန်မရွှေး ပိုင်းဖြတ်ဖို့ ဖြစ်တည်လာနိုင်သည်မို့ မဟာအဂ္ဂကို သုူလုံးလုံးမှ မလွန်ဆန်ဝံ့ပါချေ...။

သူ့ဆီက ကတိစကားကိုရလေမှ မဟာအဂ္ဂက ဓါးကို ပြန်ရုပ်၍ ဓါးအိမ်ထဲပြန်ထည့်လေသည်။ ထို့နောက်...တပ်မှူးစက္ကရာဇာဘက် ငဲ့ကြည့်၍ ။

အမုန်းများဖြင့်‌ ကျိန်‌ဆိုခဲ့‌လေ‌သောWhere stories live. Discover now