{ အပိုင္း၃၃}

8 0 0
                                    

အမုန်းများဖြင့် ကျိန်ဆိုခဲ့လေသော{ အပိုင်း၃၃}

..............................................................................

မင်းသား မဟာအဂ္ဂ ဆင့်ခေါ်သည်ဆိုသော အမှာကို မင်းသား၏ နန်းဆောင်မှ အမှူထမ်းတစ်ဦး လာရောက်အကြောင်းကြားလေသောကြောင့် စက္က မင်းသား၏ နန်းဆောင်ရှိရာသို့ လိုက်ပါလာခဲ့လိုက်သည်။

မင်းသားမဟာအဂ္ဂ၏ နန်းဆောင်အရောက် တံခါးပေါက်တွင် ရပ်နေသည့် အထိန်းတော် ဇီတရကို တွေ့လိုက်ရသည်မို့ အနားသို့ လျောက်သွားလိုက်လေ၍...။

အရှင့်သားကော..."

အထဲမှာ ရှိပါတယ် ဝင်သွားပါ..."

ပြန်လည်ဖြေသံနှင့်အတူ တံခါးကို ဆွဲလှပ်ပေးသည်မို့ စက္က နန်းဆောင်အတွင်းဘက်သို့ ဝင်လာခဲ့လိုက်သည်။ အထဲသို့ ရောက်လေတော့ မင်းသားကို စားပွဲဝိုင်းပုလေး၌ သေရည်ထိုင်သောက်လို့ နေသည်ကို တွေ့လိုက်ရလေ၏။

စက္က မင်းသားအနားသို့ လျောက်လာခဲ့လိုက်ကာ...။

အရှင့်သား..."

ခေါ်သံကြောင့် သေရည်ငုံ့သောက်နေရာမှ မျက်လုံးပင့်ကြည့်သည်။ ပြီးလျှင် သေရည်ခွက်ကို စားပွဲတွင် ပြန်ချကာ ထိုင်ရန် မေးဆက်ပြ၏။

စက္က မင်းသား မေးဆက်ပြရာ စားပွဲပုဝိုင်းလေးဘေးရှိ ခင်းထားသော ကတ္တီပါခင်းဝယ် မျက်နှာချင်းဆိုင် ဝင်ထိုင်လိုက်လေတော့ မင်းသားသည် သေရည်ခွက်အား ငှဲ့ထည့်၍ ကမ်းပေးလို့လာလေသည်။

ကျေးဇူးတင်ပါတယ် အရှင့်သား..."

လက်နှစ်ဖက်နဲ့ ရိုသေစွာ ပင့်မြှောက်ကိုင်ယူကာ မျက်နှာဘေးလွှဲ၍ မော့ချလေတော့ မင်းသားသည် ဤအတိုင်း သူ့၏မျက်နှာအား စူးစူးစိုက်စိုက်ကြည့်လို့နေလေသည်။

စက္က ကုန်စင်သွားပြီ ဖြစ်သော သေရည်ခွက်ကို ပြန်လည် စားပွဲပေါ် တင်လိုက်လေပြီးနောက်...။

အရှင့်သား ကျွနု်ပ်ကို ဆင့်ခေါ်ရတဲ့ အကြောင်းရင်းကို အမိန့်တော်ရှိပါ ..."

စက္က ...သင် မင်းသမီး စူဋ္ဌကလျာကို ဘယ်လို သဘောရလဲ..."

ဗျာ...အရှင့်သား..."

အမုန်းများဖြင့်‌ ကျိန်‌ဆိုခဲ့‌လေ‌သောWhere stories live. Discover now