{အပိုင္း၃}

4 0 0
                                    

အမုန်းများဖြင့် ကျိန်ဆိုခဲ့လေသော {အပိုင်း၃}

........................................................................

အိမ်တော်ထိန်းကြီး ပြန်မလာသေးဘူးလား...ရွှေဇာ..."

အခါးရည်ငဲ့ှပေးနေတဲ့ ရွှေဇာကို ကြည့်ကာ မေးလိုက်တော့ ရွှေဇာ ခေါင်းခါပြလေသည်။ ထို့နောက်...။

မရောက်ရှိသေးကြောင်းပါ သခင်မလေး..."

ရွှေဇာ့အဖြေကြောင့် ရွှေနန်းတော် ဝင်ရောက်စီးနင်းခြင်းခံရသည်ဆိုသော သတင်းကို သွားရောက်အခြေနေ စုံစမ်းရှာတဲ့ အိမ်တော်ထိန်းကြီး ပြန်ရောက်မလာနိုင်သေးခြင်းကို သခင်မလေး သုန္ဒရဝတီ ပူပင်မိသွားသည်။

ဖခင်ဖြစ်သူ မဟာပတ္တိက စစ်သူကြီးသည်လည်း ရှေ့တံခါးသို့ မောဝိယစစ်သည်များနှင့် ရင်ဆိုင်ရန် ထွက်ခွာသွားခဲ့မှာ ဘယ်လိုအခြေနေ ရှိသည်မသိရသလို သက္ကရဓမ္မီရွှေနန်းတော်မှာလည်း ဖခင်ဖြစ်သူနှင့် စစ်သည်များ မရှိသည်ကို အခွင့်ကောင်းယူကာ ပုန်ကန်ထကြွမှု့တို့ဖြစ်လို့နေလေသည်။

သို့ပေမယ့် သူမတို့စံအိမ်က နန်းတော်ထဲမှာမဟုတ်ပဲ နန်းတော်ပြင်ပမှာသာ ရှိသည်မို့ နန်းတွင်းပုန်ကန်မှု့မှာ မည်သူတွေပါဝင်ပြီး မည်သူတွေ ထကြွကြသည်ကိုတော့ ကောင်းကောင်းမသိရပါချေ...။

ထို့ကြောင့်မို့ ရွှေနန်းတော်အခြေနေ စုံစမ်းရန်အလို့ငှာ အိမ်တော်ထိန်းကြီး ဦးဒီပက္ခ အိမ်တော်က ထွက်ခွာသွားခဲ့သည်မှာ ညတည်းကမို့ အခုထိပြန်မရောက်နိုင်ခြင်းအပေါ် သခင်မလေး စိတ်မအေးနိုင်ဖြစ်နေရခြင်းပင်...။

ထိုအခိုက်...။

သခင်မလေးးးးသခင်မလေးးး

ကျယ်လောင်ပျာခတ်နေသည့်အသံကြောင့် ကနုတ်ခုံပေါ် ထိုင်နေရာမှ ငဲ့ကြည့်လိုက်လေတော့ ရေးကြီးသုတ်ပျာဟန်နှင့် အိမ်တော်ထိန်းကြီး ဒီပက္ခကို တွေ့လိုက်ရသည်။

သခင်မလေး ထိုင်ရာက ထရပ်လိုက်လေပြီး...။

ပြန်ရောက်လာပြီလား အိမ်တော်ထိန်းကြီး ..."အခြေနေ ဘယ်လိုများလဲ လျောက်ပါအုံး..."

အမုန်းများဖြင့်‌ ကျိန်‌ဆိုခဲ့‌လေ‌သောWhere stories live. Discover now