အမုန်းများဖြင့် ကျိန်ဆိုခဲ့လေသော {အပိုင်း၆}
..............................................................................
ခွက်...ခွက်...ခွက်..."
လူသူရှင်းလင်းနေသော လမ်းမထက် သက္ကရဓမ္မီမြို့တော်မှ ထွက်ခွာရာ ဂိတ်တံခါးတွေဘက်သို့ ဦးတည်လျှက် မြင်းရထားလုံး တစ်စီးက တခွက်ခွက် ပြေလွှားမောင်းနှင်လို့နေလေသည်။ ထိုရထားလုံးကို မောင်းနှင်လာသူကတော့ အသက်သုံးဆယ်ကျော်အရွှယ်ခန့်ရှိသော အမျိုးသားတစ်ဦးဖြစ်လေ၏ ထိုလူသည် မြတ်ခမောက်ကို မျက်နှာထက်ထိတိုင်အုပ်အောင်ကို ဆွဲချထားလေပြီး မြင်းကို ကြိမ်တရွှပ်ရွှပ်ရိုက်ကာ အမြန်ပြေးလွှားစေလေသည်။
ခွက်...ခွက်...ခွက်..."
ဟေးးးရပ်လိုက်..."
သက္ကရဓမ္မီမြို့တော်၏ ဒုတိယမြောက်ဂိတ်တံခါးကို အဖြတ်မှာတော့ ဂိတ်မှာ စောင့်ကြပ်နေသော ရဲမက်များက လက်ဟန့်တား၍ ရထားလုံးကို ရပ်ခိုင်းလိုက်သည်။ ရထားလုံးမောင်းသော အမျိုးသားက မြင်းကို ဇတ်သတ်ကာ ရပ်ပေးလိုက်၏ မြင်းရထားရပ်သွားသည်နှင့် ဂိတ်စောင့်ရဲမက်တွေထဲက အကြီးကဲဖြစ်သည့်ခေါင်းဆောင်ရဲမက်က ရထားလုံးမောင်းသော လူရွှယ်ကို စေ့စေ့စိုက်ကြည့်သည်။
ဟေ့...နေဝင်ဖျိုးဖျအချိန်ကြီး သင်ဘယ်ကိုသွားပြီး ဘယ်က ပြန်လာသလဲ ဖြေစမ်း..."
မြင်းရထားမောင်းတဲ့ လူရွှယ်က မြတ်ခမောက်ကို အနည်းငယ် ပင့်တင်လိုက်ပြီး ပြန်ဖြေသည်။
မြို့တောင်ပိုင်းဘက်မှာ ရှိတဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးခြံအတွက် မြေဆီနဲ့ ဖြည့်စွက်အစာ သွားပို့ပြီး ပြန်လာတာပါ..."
ဘယ်ကို ပြန်မှာလဲ..."
မြို့စွန်ကိုပါ..."
ရဲမက်အကြီးကဲ မေးသမျှကို ရထားလုံးမောင်းတဲ့ လူရွှယ်က ရည်မွန်စွာ ပြန်ဖြေလို့နေသည်။ ထိုစဉ် ရဲမက်တစ်ဦး ပြေးလာလေပြီး အကြီးကဲရဲမက်၏ လက်ထဲသို့ စာရွှက်တွေ အများပြားကို ထိုးထည့်၏ အမှန်စင်စစ် ထိုစာရွှက်များသည် သစ္စာတော်ခံအမတ်ကြီးများ၏ ထွက်ပြေးလွတ်မြောက်နေဆဲသာ ရှိသော မိသားစုဝင်များ၏ ပုံတူ ပန်းချီတွေပဲ ဖြစ်လေသည်။
YOU ARE READING
အမုန်းများဖြင့် ကျိန်ဆိုခဲ့လေသော
Historical Fictionမြန်မာနန်းတွင်းဇတ်လမ်း Author တမာဝိုင်