အမုန်းများဖြင့် ကျိန်ဆိုခဲ့လေသော {အပိုင်း၂၉}
..............................................................................
ဥယျာဉ်ထဲ ခြေလှမ်းကာ ဝင်လိုက်လေတော့ ခုံတန်းလေးဝယ် ကျောပေးထိုင်နေတဲ့ သုန္ဒရဝတီကို တွေ့လိုက်ရသည်။လေအဝှေ့မှာ ဆံနွယ်တွေ လွန့်လူးနေလေတဲ့ နောက်ကျောလေးကိုကြည့်ကာ စက္က ပြုံးမိလိုက်လေ၏...။
ထိုတစ်ညက သူ့မျက်စိရှေ့မှာတင် စွဲမက်ဖွယ် ဒီနောက်ကျောလေး ပျောက်ဆုံးသွားခဲ့တဲ့အဖြစ်...သူ့မှာ တစ်ညလုံး နေလို့ထိုင်လို့မရခဲ့ပါ မြို့ဝန်မင်းနဲ့ နန်းတော်ထဲ ပြန်လိုက်ခဲ့ရသော်လည်း ထိုညက သူ့ခေါင်းထဲ မင်းမူနေတာက သူမအပေါ် စိုးရိမ်ပူပန်ရခြင်းတွေပဲ ဖြစ်သည်။ ညတွင်းချင်း မင်းသမီးအဆောင် ပြေးသွားပြီး သူမ ပြန်ရောက်မရောက် ပြေးကြည့်ချင်မိသော်လည်း အခြေနေအရ မလွယ်ကူခဲ့ပေ သူသည် ဘယ်လိုပဲ တပ်မှူးတစ်ယောက်ဖြစ်နေပါစေ ညရေးညမူ မင်းသမီးအဆောင်တော်နား ချဉ်းကပ်ပိုင်ခွင့် ရှိမနေခဲ့ပါချေ...။
ထို့ကြောင့် မျက်စိရှေ့ ပျောက်ဆုံးခဲ့ရတဲ့ သူမကို တစ်ညလုံး စိတ်ပူပန်နေမိခဲ့လေပြီး သူဘယ်လိုမှ အိပ်စက်လို့မရနိုင်ခဲ့တာမို့ ဝေလီဝေလင်း ဥယျာဉ်တော်ရှေ့ လာစောင့်ခဲ့ရသည်။ ဥယျာဉ်ထဲ မင်းသမီးအဆောင်က ပန်းခူးရန်လာလေသည့် ရံရွှေတော်တစ်ဦးကို သူမ ညက ပြန်ရောက်မရောက် မေးမြန်းလေတော့မှ သူမအဆောင်မှာ အိပ်စက်နေသည်ဆိုတဲ့ အဖြေကို ကြားသိခဲ့ရကာ ထိုအခါမှ သူစိတ်နှလုံး ဒုန်းဒုန်း ချနိုင်ခဲ့သည့်အဖြစ်ပင်...။
တပ်မှူးလေး သူမရဲ့ နောက်ကျောလေးကို ငေးကြည့်ရင်းမှ ထိုတစ်ညက ပူလောင်ခဲ့ရတဲ့ ဖြစ်စဉ်ကို ပြန်တွေးမိလေ၍ တဖြည်းဖြည်း သူမနားသို့ လျောက်လှမ်းသွားလိုက်သည်။ အနားသို့ ရောက်သည်နှင့်...
သုန္ဒရဝတီ ..."
ခေါ်သံကြောင့် လှည့်ကြည့်လာလေသည့် မျက်နှာလေးက သူ့ကို မြင်တော့ အံ့အောသွားဟန်တွေ ဖုံးလွှမ်းသွားလေပြီး ချက်ချင်းထရပ်သည်။ ပြီးလေတော့...
တပ်...တပ်မှူး..."
နူတ်က တအံ့တသြရေရွှတ်သံလေး ထွက်ပေါ်လာလေတော့ စက္က သူမလေးနှင့် အနီးဆုံးမှာ ရပ်၍ ခေါင်းညိတ်လိုက်လေကာ...။
YOU ARE READING
အမုန်းများဖြင့် ကျိန်ဆိုခဲ့လေသော
Historical Fictionမြန်မာနန်းတွင်းဇတ်လမ်း Author တမာဝိုင်