အမုန်းများဖြင့်ကျိန်ဆိုခဲ့လေသော {အပိုင်း၂၆}
..............................................................................
ကျွတ်...ကျွတ်.ကျွတ်...နာသွားပြီမဟုတ်လား မိန်းကလေးရယ်...ဘာလို့များ အဲ့လောက်တောင် နမော်နမဲ့ နိုင်လွန်းရတာလဲ...လာ ထ...ကိုယ်တော် ထူပေးမယ်..."
အို...ဟင့်အင်း...မထိနဲ့..."
ဝတီ ဖင်ထိုင်လျက်သားလဲကျနေရာသို့ လျောက်လာကာ ရယ်မြူးရိပ်စွန်းနေသော မျက်ဝန်းများနှင့် ကြည့်လေ၍ ဆွဲထူဖို့ ပြင်သည်မို့ ဝတီ အကြောက်ကန်ငြင်းဆန်၍ သူ၏ လက်များကို ပုတ်ထုတ်ဖယ်ရှားမိလေသည်။
သို့သော် သန်မာလွန်းသော အရှင့်သား၏ လက်တွေက ဝတီ၏ လက်မောင်းနှစ်ဖက်သို့ ကျရောက်လာလေကာ ငြင်းဆန်နေလျက်မှပင် ဝတီ မတ်မတ်ရပ်နိုင်သည်အထိ ဆွဲထူမတ်ခြင်းကို ခံလိုက်ရလေတော့သည်...။
မျက်နှာချင်းဆိုင် ရပ်မိလေတော့ ဝတီ၏ မျက်နှာထက် ထွင်းဖောက်မတတ် စိုက်ရောက်နေလေတဲ့ အရှင့်သား၏ အကြည့်စူးစူးတွေကြောင့် မနေ့ညက အဖြစ်ပျက်များအား ဝတီ ပြန်လည်တွေးမိလေကာ ထိတ်လန့်ခြင်းက ကြီးစွာ နိုပ်စက်လာသည်မို့ ဝတီ့လက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်ထားလေသည့် အရှင့်သား၏ လက်မှ ဝတီ ဆောင့်ရုန်းပစ်လိုက်၏...။
လွှတ် လွှတ်ပါ ဝတီ့ကို မထိပါနဲ့ တောင်းပန်ပါတယ် မထိပါနဲ့..."
ထိတ်လန့်တကြား အော်ဟစ်ရင်း အရှင့်သား၏ လက်တွေကို ပုတ်ထုတ်ဖယ်ရှားလေတော့ အသာတကြည်ပဲ ဖြေလွှတ်ပေးလေသည်...။ထို့နောက် လက်ကိုအေးဆေးသက်သာဟန်ဖြင့် နောက်ပစ်လိုက်လေပြီး ခနိုးခနဲ့ ပြုံးလေကာ...။
အဟွန်း ဒီတစ်ကြိမ်လည်း ထွက် ပြေးဖို့ ကြံစည်အုံးမလို့လား သုန္ဒရဝတီ..."
မျက်နှာကို တည့်တည့်ကြည့်၍ မေးလေတော့ ဝတီ အရှင့်သားနှင့် ဝေးကွာစေရန်နောက်ဆုတ်ရပ်မိသည်...။ သူမ၏ ထိုအပြုမူကြောင့် သူ့မျက်နှာထက် ကျီစယ်လိုသကဲ့ဟန်တွေ အထင်းသား ပေါ်လွင်လို့လာလေပြီး...။
ဒါပေမယ့် ဘယ်လိုလုပ်မလဲ သုန္ဒရဝတီ ဒီညတော့ သင်အရင်လို ်ထွက်ပြေးနိုင်ခွင့်ကို ရရှိတော့မှာ မဟုတ်ဘူး ဘာလို့လဲဆိုတော့ သင့်ကံကြမ္မာက ကိုယ်တော့်လက်ထဲကို ရောက်ရှိနေခဲ့ပြီ ဖြစ်လို့ပဲ."
YOU ARE READING
အမုန်းများဖြင့် ကျိန်ဆိုခဲ့လေသော
Historical Fictionမြန်မာနန်းတွင်းဇတ်လမ်း Author တမာဝိုင်