{အပိုင္း၁၃}

4 0 0
                                    

အမုန်းများဖြင့်ကျိန်ဆိုခဲ့လေသော{အပိုင်း၁၃}

..............................................................................

မဟော်မာယာ လက်ယက်ခေါ်သည်နှင့် အပျိုတော်များ ရောက်လာကြလေကာ ကဗ္ဗလာခင်းမှာ ဝင်ထိုင်ပြီး စက္ကရာဇာနှင့် ဗာလ၏ အနား တိုးကပ်ကြလေတော့သည်။

စက္ကက ကိုယ်တိမ်းကာ ဘေးရွှေ့ထိုင်လေတော့...ရီဝေယစ်မူးစပြုနေပြီ ဖြစ်တဲ့ မဟာအဂ္ဂက ခပ်ထေ့ထေ့ ပြုံးလိုက်ပြီး သေရည်အိုးကို ဆွဲယူကာ ခွက်ထဲငှဲ့ထည့်၏ ပြီး စက္ကနဲ့ဗာလကို တစ်ယောက်တစ်ခွက်ဆီ ကမ်းပေးလိုက်ပြီး...။

...သက္ကရဓမ္မီမှာ ကိုယ်တော် ကျေနပ်အောင် စွမ်းဆောင်ခဲ့ကြတဲ့ ညီတော်တွေ ...အသင်တို့ကို ကိုယ်တော်ကိုယ်တိုင် ဂုဏ်ပြုတယ်...ရော့ လက်ခံချေ..."

စက္ကရာဇာနဲ့ ဗာလ သေရည်ခွက်ကို လက်နှစ်ဖက်ဖြင့် ကမ်းယူလိုက်ပြီးနောက်...ပြိုင်တူဆိုလိုက်သည်။

အရှင့်သားရဲ့ ချီးမြှောက်ဂုဏ်ပြုမှု့အတွက် ကျေးဇူးတင်ပါတယ် အရှင့်သား..."

ဆိုလိုက်ပြီး သေရည်ခွက်ကို လက်နှစ်ဖက်ဖြင့် ပင့်မြှောက်၍ မျက်နှာကို တစ်ဖက်လှည့်ကာ မော့သောက်လိုက်သည်။

ထို့နောက် ခွက်ကို ပြန်ချလေတော့...မဟာအဂ္ဂက ထပ်မံငှဲ့ထည့်ဖို့ လုပ်လာပြန်သည်မို့ စက္က ကဗျာကသီ တားလိုက်ရလေ၏။

ထပ်မငှဲ့ပါနဲ့တော့ အရှင့်သား ...အရှင့်သားနဲ့ အခုလို တစ်စားဝိုင်းထဲ အတူထိုင်နေခဲ့တာတောင်မှ အင်မတန် ခမ်းနားထယ်ဝါလွန်းလှပါပြီ ...အရှင့်သား နောက်ထပ်ငှဲ့ပေးတဲ့ သေရည်ကို ထပ်မံပြီး မခံယူဝံ့တော့ပါဘူး အရှင့်သားး..."

ဘယ် ဟုတ်ပါ့မလဲ...စက္ကရဲ့ အသင်တို့က ကိုယ်တော့်ရဲ့ရဲဘော်ရဲဘက်တွေ ...ကိုယ်တော်နဲ့ မောဝိယရဲ့ အကျိုးအတွက် အမြဲဆောင်ကျဉ်းပေးနေကြတဲ့သူတွေ ကိုယ်တော့်ရဲ့ ဂုဏ်ပြုမှု့ကို ဒီလောက်ကတော့ ခံယူသင့်ပါတယ် မငြင်းနဲ့ စက္က ...ဒါ အမိန့်ပဲ..."

ပြောရင်း ထပ်မံ သေရည်ခွက်ကို ကမ်းလာပြန်တော့ စက္က မငြင်းသာတော့ချေ...လက်ခံဆောင်ယူကာ သောက်လိုက်ရတော့လေသည်။

အမုန်းများဖြင့်‌ ကျိန်‌ဆိုခဲ့‌လေ‌သောWhere stories live. Discover now