အမုန်းများဖြင့်ကျိန်ဆိုခဲ့လေသော {အပိုင်း၃၄}
..............................................................................
နေပါအုံး...တပ်မှူး ...သင် အခုဆိုလိုနေတာက...ပွဲတော်ညက ငါကိုယ်တော်ကို ဗျက်ဆောင်းနဲ့ လာရောက်တီးခတ်ဖျော်ဖြေခဲ့လေတဲ့ မိန်းကလေးလား ...သက္ကရဓမ္မီသူ ဆိုတာလေ..."
ဟုတ်မှန်ကြောင်းပါ မင်းကြီး ...သူမက သုန္ဒရဝတီပါ...ပြီးတော့ ကျွန်တော်မျိုး အလိုရှိတဲ့ မိန်းကလေးပါ မင်းကြီး..."
စက္က မင်းကြီးရဲ့ အမေးကို ဝင်ထောက်လိုက်လေတော့ မင်းကြီး မျက်မှောင်တွန့်၍ စဉ်းစားသည်။အလွန်အံ့အားသင့်နေဟန်လည်း ရှိလေ၏ သူထင်ခဲ့သည်က မြို့တစ်မြို့ နယ်တစ်နယ် အစရှိတဲ့ ကြီးမားသော တောင်းဆိုမှု့မျိုး ဖြစ်နေလိမ့်မည်ဟု ...။
အခုတော့ ထိုသို့ မဟုတ်ပါပဲ သာမန် အပျိုတော်တစ်ယောက်ကိုသာ တောင်းဆိုခြင်းသာ ဖြစ်လို့နေလေသည်။
အချိန်တော်ကြာသည်အထိအံ့အားသင့်နေဟန်ဖြင့် မင်းကြီး ငြိမ်နေပြီးလေမှ မင်းကြီးမျက်နှာထက် ပြုံးရိပ်တို့ ထင်ဟပ်လာလေကာ...။
ဟား ဟား ဟား ငါကိုယ်တော်က ဘာများတောင်းဆိုမလဲလို့ အလိုရှိတာ အပျိုတော် တစ်ဦးပဲတဲ့လား...ဒါများ တပ်မှူးရယ် ငါကိုယ်တော် ချက်ချင်း ပေးသနားနိုင်တာပေါ့ ..."
ကောင်းပြီ ...တပ်မှူး သင်တောင်းဆိုတဲ့ မိန်းကလေးကို သင် အလိုရှိသလို ရယူနိုင်ပါတယ် ...ကိုယ်တော် သင့်ထံ ပေးအပ်ပါတယ်ကွယ့်..."
ကျေးဇူး ကြီးမားလှကြောင်းပါ အရှင်မင်းကြီး..."
မင်းကြီးဆီက ခွင့်ပြုချက် ရပြီးသည်နှင့် စက္က မင်းကြီးအား လက်ယှက်လို့ ဦးညွတ်ကာ ...အရိုသေပြုလိုက်သည်။ ထို့နောက် မင်းသား မဟာအဂ္ဂထံ မျက်ဝန်းတွေ လွှဲလိုက်၏။
စူးရဲတင်းမာစွာ ကြည့်နေလေသော မင်းသား၏ မျက်ဝန်းများဖြင့် ရင်ဆိုင်လိုက်ရကာ မျက်ဝန်းနှစ်စုံသည် မြှားနှစ်စင်း အရှိန်ပြင်းစွာ ပစ်ခွင်းလိုက်ကြသကဲ့ ရှိလေသည်။ သို့သော် ရည်ရွှယ်ချက်ခြင်းကတော့မတူပေ...။
YOU ARE READING
အမုန်းများဖြင့် ကျိန်ဆိုခဲ့လေသော
Ficção Históricaမြန်မာနန်းတွင်းဇတ်လမ်း Author တမာဝိုင်