အမုန်းများဖြင့် ကျိန်ဆိုခဲ့လေသော {အပိုင်း၁၉}
...........................................................................
မိန်းကလေး ...မိဖုရား နန်းမုဒြာကို ...မင်းသမီးစူဋ္ဌကလျာက နှစ်ကူးလက်ဆောင်အဖြစ် မုန့်ပွဲဆက်သလိုက်ကြောင်းကို အကြောင်းကြားပေးပါ..."
ဝတီကို ရှာဖွေ၍ ပြန်လည်ခေါ်ဆောင်လာခဲ့တဲ့ မယ်စာက အနောက်နန်းဆောင်ကို ရောက်သည်နှင့် နန်းဆောင်ဝမှာရပ်နေသော မိဖုရားနန်းမုဒြာ၏ အစေခံနန်းတွင်းသူကို ပြောလိုက်သည်။ နန်းတွင်းသူက ခေါင်းညိတ်လေပြီး...။
ကောင်းပါပြီ...အကြောင်းကြားပေးပါ့မယ်..."
ထို့နောက် အတွင်းဆောင်သို့ လှည့်ကြည့်လိုက်လေ၍...။
မိဖုရား...မင်းသမီး စူဋ္ဌကလျာက နှစ်ကူးလက်ဆောင် ပို့သလိုက်ကြောင်းပါ မိဖုရား..."
နန်းတွင်းသူ၏ လျောက်တင်သံအဆုံးမှာတော့ ကျွီကနဲ တံခါးဆွဲဖွင့်သံနှင့်အတူ နန်းဆောင်ထဲက လွန်စွာ လှပပြီး ကျက်သရေရှိသော အမျိုးသမီးကြီး တစ်ဦး ထွက်လို့လာလေ၏။
အမျိုးသမီးကြီး ထွက်လာလေသည်နှင့် မယ်စာက ဝတီ့ကို တံတောင်နှင့်မသိမသာတွက်၍ အရိုသေပြုရန် အချက်ပေးသည်။
ထို့နောက် ...မယ်စာက...။
မိဖုရား...မင်းသမီးနန်းဆောင်က မိဖုရားအတွက် မုန့်ပွဲ ပို့ဆောင်လိုက်ကြောင်းပါ မိဖုရား..."
စကားအဆုံး ဦးညွှတ်အရိုသေပြုလေတော့ ဝတီသည်လည်း မယ်စာ နည်းတူခေါင်းညွတ်၍ အရိုသေပြုလိုက်သည်။
လွန်စွာ ကျက်သရေရှိလေသော နန်းမုဒြာဆိုသည့် မိဖုရားက အပြုံးတစ်ပွင့်ကို ပန်ဆင်လျှက် မယ်စာနှင့် ဝတီနားသို့ လျောက်လာခဲ့လေကာ....။
သက်တောင့်သက်သာ နေပါကွယ်...အဲ့လောက်ဆို ဂါရဝပြုတာ လုံလောက်နေပါပြီ..."
ချိုသာစွာ ပြောလေတော့ ဝတီကော မယ်စာပါ ဦးခေါင်းများကို ပြန်လည်မော့လိုက်သည်။ မယ်စာက လက်ထဲကိုင်ဆောင်ထားတဲ့ ပွဲတော်အုပ်ကို ပင့်မြှောက်လိုက်လေပြီး...။
မိဖုရားအတွက် ဆက်သလိုက်တဲ့ မုန့်အချိုပွဲတွေပါ..."
အိမ်း...မင်းသမီးကို ကျေးဇူးတင်ရှိကြောင်း အမှာတော် ပြန်လည်ပါးလိုက်ပါရစေကွယ်..."
YOU ARE READING
အမုန်းများဖြင့် ကျိန်ဆိုခဲ့လေသော
Historical Fictionမြန်မာနန်းတွင်းဇတ်လမ်း Author တမာဝိုင်