အမုန်းများဖြင့် ကျိန်ဆိုခဲ့လေသော {အပိုင်း၂၈}
.................................................................................
မိဖုရား သက်ထားကေသရီ၏ အသံကြောင့် မောဝိယ မင်းကြီး မိဖုရားဘက်သို့ မျက်နှာမူလိုက်သည်။ ထို့နောက်...။
ဘာကို ဆိုလိုချင်နေတာလဲ မိဖုရား..."
အရှင်မင်းကြီး မသိချင်ဟန်ဆောင်နေတာလား ဒါမှမဟုတ်အရှင်မင်းကြီးမှာ သားတော်တွေ ဘယ်နှစ်ပါးရှိနေတယ်ဆိုတာကို မေ့နေတာများလား...သားတော် မဟာမင်းနောင်ကို ချန်ထားပြီး ဘာလို့များ တာဝန်မပေးအပ်ရတာပါလဲ အရှင်မင်းကြီး...."
သက်ထားကေသရီ စကားကြောင့် မောဝိယမင်းကြီး မျက်မှောင်တော် တွန့်ကြုတ်သွားလေသည်...။ တကယ်တော့ သားတော် မဟာမင်းနောင်ကို သူမေ့လျော့နေခဲ့ခြင်းမဟုတ်ပါ ဒီသားတော်က နန်းတွင်းရေးရာဆို စိတ်ဝင်စားခြင်းကင်းမဲ့စွာ နေထိုင်လေပြီး ပန်းချီ ပန်းပုဖန်တီးရတဲ့ အနုပညာကိုသာ စိတ်ဝင်စားသည်မို့ သူတမင် တာဝန်မပေးအပ်ခြင်းပင်...။
သို့သော် မိဖုရားက သူ၏ သားတော်ကို ချန်လှပ်ထားခြင်းအတွက် အလိုမကျ ဖြစ်စေရပြီမို့ မောဝိယမင်းကြီး မင်းသား မဟာမင်းနောင်၏ သဘောထားကို သိနိုင်ရန် မေးစမ်းဖို့ တွေးလိုက်သည်...။
မင်းသား မဟာမင်းနောင်ရပ်နေရာသို့ ငဲ့ကြည့်လိြက်လေ၍...။
သားတော် မဟာမင်းနောင် သင် ညီအကိုတော်တွေနံ့အတူ စစ်ထွက်လိုစိတ် ရှိပါသလား..."
မရှိကြောင်းပါ ခမ္မည်းတော် အကိုတော် မဟာဒီပါနဲ့ ညီတော်မဟာအဂ္ဂက ရဲစွမ်းသတ္တိပြည့်ဝ ကြသူတွေမို့ ဒီတိုက်ပွဲ အောင်မြင်မယ်ဆိုတာ သားတော် ကြိုတင် သိရှိပြီးသားပါ ဒါကြောင့် သားတော်ပါ လိုက်ပါသွားဖို့ မလိုအပ်ဘူးလို့ သားတော် သဘောရှိပါတယ် ခမ္မည်းတော်..."
မဟာ မင်းနောင်...သင်...သင်...ဘယ်လို ပြောလိုက်တာတုန်း မဟာမင်းနောင် "
မင်းကြီးအမေးကို မင်းသား မဟာမင်းနောင်က မဆိုင်းမတွဖြေကာ အပြတ်ငြင်းဆန်လေသည်မို့ မြောက်နန်းစံ မိဖုရား သက်ထားကေသရီအသံက စူးကနဲ ထွက်ပေါ်လာလေသည်...။
YOU ARE READING
အမုန်းများဖြင့် ကျိန်ဆိုခဲ့လေသော
Historical Fictionမြန်မာနန်းတွင်းဇတ်လမ်း Author တမာဝိုင်