အမုန်းများဖြင့်ကျိန်ဆိုခဲ့လေသော {အပိုင်း၃၅}
...........................................................................
ဘယ် ဘယ်လိုပြောလိုက်တယ် မယ်စာ...သုန္ဒရဝတီကို မောင်တော်မဟာအဂ္ဂ နန်းဆောင်က အမှူ့ထမ်းတွေ လာရောက်ခေါ်ဆောင်သွားတယ် ဟုတ်လား..."!
ဟုတ်...ဟုတ်ပါတယ်...မင်းသမီး..."
ဘာလို့လဲ ဘာအတွက် လာခေါ်သွားရတာတဲ့လဲ..."
မိမိ၏ မောင်တော် သုန္ဒရဝတီကို ခေါ်ဆောင်ရခြင်းအကြောင်းရင်းကို အမှန်တကယ် မသိရှိလေသည်မို့ မင်းသမီး အံ့အားတသင့် မေးမိသည်။ စိတ်ထဲမှာလည်း သုန္ဒရဝတီနဲ့ မောင်တော် မဟာအဂ္ဂ ဘယ်အချိန်က ဘယ်လို ပက်သက်မှု့ ရှိခဲ့သလဲဟု အတွေး ကြပ်သွားခဲ့ရလေ၏။
မယ်စာက ခေါင်းကိုသာ တွင်တွင် ယမ်းခါလျှက်က...
မသိရပါ မင်းသမီး သုန္ဒရဝတီကို ဘာအတွက် လာခေါ်လဲ မယ်စာ မသိရပါ မြင်တွေ့လိုက်ရတဲ့ အပျိုတော်တွေကလည်း ဘာအတွက် လာခေါ်သွားမှန်း အကြောင်းရင်း မသိရှိဘူးလို့ ဆိုပါတယ် မင်းသမီး..."
ကျွနု်ပ် သိတယ် ဘာအတွက် လာခေါ်လည်းကို..."
ဟင် တပ်မှူးလေး..."
ရုပ်တရပ် ကြားဝင်ကာ ဖြေလိုက်သည့် တပ်မှူးလေး စက္က၏ အသံကြောင့် မင်းသမီး တပ်မှူးလေးဆီ အကြည့်ရောက်သွားရသည်။
တပ်မှူးလေးသည် လွန်စွာ ခံပြင်းနေဟန်ဖြင့် အံကို တင်းနေအောင် ကြိတ်ထားလေသည်မို့ မင်းသမီး ပူပင်သွားရ၏။
ဘာတွေ သိတာလဲ တပ်မှူးလေး ဘာတွေ သိထားတာ ရှိလို့လဲ...ကလျာ အခြေနေကို နားမလည်နိုင်တော့ဘူး...ဘာအတွက် သုန္ဒရဝတီကို မောင်တော်မဟာအဂ္ဂ ခေါ်ဆောင်သွားတာလဲဆိုတာ တကယ် မတွေးတတ်တော့ဘူး..."
အို တပ်မှူးလေး...ရှင် ဘယ်ကို သွားမလို့လဲ တပ်မှူးလေး..."
သူမရဲ့ နားမလည်နိုင်ခြင်းတွေ ပြည့်နေတဲ့ အမေးတွေကို တပ်မှူးလေးက ပြန်လည်ဖြေဆိုခြင်း မရှိလေပဲ အံကိုတင်းနေအောင် ကြိတ်လျက်ဖြင့် ရှေ့က လှမ်းထွက်သည်မို့ ကလျာ နောက်က အော်ခေါ်မိလေသည်။
YOU ARE READING
အမုန်းများဖြင့် ကျိန်ဆိုခဲ့လေသော
Historical Fictionမြန်မာနန်းတွင်းဇတ်လမ်း Author တမာဝိုင်