အမုန်းများဖြင့်ကျိန်ဆိုခဲ့လေသော {အပိုင်း၁၁}
..............................................................................
ခဏအကြာမှာတော့ သူမဆီက အသက်ရှူသံ ခပ်မျဉ်းမျဉ်းက ထွက်ပေါ်လာသည်မို့ သူမ ပြန်လည်အိပ်ပျော်သွားခဲ့ပြီမှန်း စက္က သိလိုက်သည်။ ထိုစဉ်မှာပဲ သမားတော်ကြီး ဗျာဒဆီက စကားသံ ထွက်ပေါ်လာလေ၏။
စိတ်ချသွားရပါပြီ တပ်မှူးချူပ်...မိန်းကလေး နှလုံး ပုံမှန်ပြန်ငြိမ်သွားပါပြီ...မနက်ဆို ဆေးရှိန်နဲ့ သူလန်းဆန်းလာပါလိမ့်မယ်..."
သမားတော်ဆီက ထိုစကားကြားမှသာ သူမအပေါ် ပူပင်မိတဲ့စိတ်က အနည်းငယ် လျော့ပါးသွားရသည်မို့ သူ ဟင်းကနဲ သက်ပြင်းတစ်ချက် ချမိသည်။ ပြီး သမားတော်ကြီးကို ပြန်လည် ငဲ့ကြည့်လိုက်ရင်းက...။
ဒီည သူပြန်ပြီး ဝေဒနာ မဖောက်လာနိုင်ပါဘူးနော်"
စိတ်ချပါ တပ်မှူး ဒီညတော့ ဆေးမြစ်ကျို အရှိန်ကြောင့် သူနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်မှာပါ..."
ပြောရင်းမှ သမားတော်ကြီး လာရောက်ခေါ်ဆောင်လေသည့် မိန်းကလေးကို ငဲ့ကြည့်လိုက်လေပြီး...။
မိန်းကလေး အမည်က..."
စောနန်းကေသီပါ...သမားတော်ကြီး..."
ဒီမိန်းကလေး အမည်ကကော..."
သုန္ဒရ ဝတီပါ သမားတော်ကြီး..."
အင်းးးသုန္ဒရဝတီ အဲ့ဒီ မိန်းကလေး နိုးလာရင် ဒီဆေးမြစ်ထုတ်လေး ပေးထားလိုက်ပါ..."
ပြောရင်းမှ သမားတော်ကြီး ဆေးလွယ်အိတ်ထဲက ဆေးမြစ်တစ်ထုတ်ကို ထုတ်ယူကာ စောနန်းကေသီ၏ လက်ထဲသို့ ထည့်လေသည်။ ပြီးလေမှ...။
ဒီ သုန္ဒရဝတီဆိုတဲ့ မိန်းကလေးက ပြင်းထန်တဲ့ နှလုံးဝေဒနာ စွဲကပ်နေတယ်ကွယ့် ဒီဆေးမြစ်ကို ကျိုပြီးသူအမြဲ မှီဝဲဖို့လိုတယ်...ရွှေနန်းတော်ကို ရောက်သွားရသ်လည်း သူဒီဆေးကို အမြဲဆောင်ထားသင့်တယ်..." သူနိုးလာရင် ဒီဆေးမြစ်ကို ပေးလိုက်ပါ ရွှေနန်းတော်ရောက်လို့ ပရဆေးဝါးလိုအပ်တာ ရှိလာရင်လည်းးးနန်းတွင်းသမားတော် ဌာနမှာ ကျွနု်ပ်ကို လာရှာပါလို့ ကျွနု်ပ်မှာကြားခဲ့တဲ့ အကြောင်း အသင် သူ့ကို ပြန်ပြောပေးပါ မိန်းကလေးး"
YOU ARE READING
အမုန်းများဖြင့် ကျိန်ဆိုခဲ့လေသော
Historical Fictionမြန်မာနန်းတွင်းဇတ်လမ်း Author တမာဝိုင်