{အပိုင္း၅}

2 0 0
                                    

အမုန်းများဖြင့်ကျိန်ဆိုခဲ့လေသော{အပိုင်း၅}

........................................................................

ဟုတ်ပါတယ်သခင်မလေး...ရွှေဇာပါ..."

ဒုတိယအကြိမ်ခေါ်ဆိုလိုက်လေမှ ရွှေဇာ၏ တုန့်ပြန်ထူးသံကို ကြားလိုက်ရလေသည်။ သို့သော် ရွှေဇာက ချက်ချင်းဝင်မလာချေ...အတော်လေးကြာမှသာ ခြေသံတရှပ်ရှပ်ပေး၍ အတွင်းခန်းလေးထဲ လှမ်းဝင်လာလေပြီး...သုန္ဒရဝတီရဲ့ ရှေ့မှာ ရွှေဇာ ထိုင်ချလိုက်လေသည်...။

အိမ်ထဲမှာ တစ်ခြားတစ်ယောက်ယောက် ရှိနေမှာစိုးလို့ ရွှေဇာ လှည့်ရှာကြည့်နေတာပါ...အဲ့ဒါကြောင့် ချက်ချင်း ဝင်မလာတာ...ရွှေဇာ့ကို စောင့်ရင်း အခု ဆာလောင်နေပြီ မဟုတ်ပါလား သခင်မလေး..."

ပြောရင်းမှ ရွှေဇာ သိုင်းလွယ်ထားသည့် ချည်လွယ်အိတ်လေးထဲက ရေထည့်ထားသော အညိုရောင် သားရေအိတ်လေးကို ထုတ်သည်။ ထို့နောက် အိတ်ထဲက ပေါက်စီတလုံးကိုပါ ထုတ်ယူလိုက်ပြီး သခင်မလေးရှေ့ ချပေးလိူက်၏။

သုံးဆောင်ပါ သခင်မလေး ညတည်းက ဘာမှ မသုံးဆောင်ရသေးဘူး အရမ်းကို ဆာလောင်နေမှာ ရွှေဇာသိတယ် ဒီပေါက်စီလေး စားလိုက်ပါ သခင်မလေး..."

ဟင့်အင်း...ရွှေဇာ ...ဝတီ့ကို ခမ္မည်းတော်နဲ့ ပက်သက်ပြီး ကြားသိခဲ့ရတဲ့ သတင်းရှိရင်သာ အရင်ပြောပြလှည့်ပါ ဝတီ ရင်တွေ ပူလှပြီ ရွှေဇာရဲ့..."

ညိုးငယ်နွမ်းဖတ်စွာ ပြောနေသည့် သခင်မလေးကို ကြည့်ကာ ရွှေဇာ သက်ပြင်းချလိုက်သည်။ ထို့နောက်...။

အရင် စားလိုက်ပါ သခင်မလေး...သခင်မလေးစားပြီးတာနဲ့ ရွှေဇာ စုံစမ်းကြားသိခဲ့ရတဲ့ သတင်းကို လျှောက်တင်ပါ့မယ်..."

ရွှေဇာ...ဝတီက..."

အရင်စားပါ သခင်မလေး...သိလိုတာ နောက်မှ မေးပါ ရွှေဇာဖြေပါ့မယ်..."

သခင်မလေး စကားမဆုံးခင် ရွှေဇာ ဖြတ်ပြောလိုက်လေတော့ သခင်မလေး စိတ်လျော့သွားဟန်ဖြင့် ဆက်မမေးတော့ချေ...အစားကို အရင်စားဖို့သာ ဆုံးဖြတ်လိုက်လေပြီး ပေါက်စီကို ကောက်ယူလေသည်။ ဆာလောင်မွတ်သိပ်မှု့နှင့်အတူ ပါးစပ်ထဲ သွင်းမည်အပြု...။

အမုန်းများဖြင့်‌ ကျိန်‌ဆိုခဲ့‌လေ‌သောWhere stories live. Discover now