အမုန်းများဖြင့် ကျိန်ဆိုခဲ့လေသော {အပိုင်း၄၁ }
..............................................................................
ပြင်းထန်လွန်းတဲ့ ရိုက်ချက်မှာ အပျိုတော်လေးမျက်နှာက လည်ထွက်လို့သွားသည်။ပါးကို လက်ဝါးနဲ့ပွတ်ပြီး အလန့်တကြား ကြည့်မိတော့ ဇာထရီက ရှေ့ထွက်လာကာ မာန်မဲလေတော့၏။
တယ်...အသုံးမကျလိုက်တာ...မင်းသမီး ဆင်မြန်းမယ့် ဝတ်ရုံကိုတောင် ဒီလို နမော်နမဲ့ ပြုမူရဲတယ်...သင် အသက်မရှင်ချင်တော့ဘူးလား...ဟမ်..."
တောင်း....တောင်းပန်ပါတယ်...ကျွန်...ကျွန်တော်မျိုးမ အပြစ်လုပ်မိပါတယ်...ခွင့် ခွင့်လွတ်ပေးပါ မင်းသမီးရယ်...တောင်းပန်ပါတယ်ရှင်..."
အပျိုုတော်လေး ထိတ်လန့်တကြား မင်းသမီး၏ မျက်နှာအား မော့ကြည့်၍တောင်းပန်နေမိသည်။
မနော်ဟယ်ရီက အလိုမကျစွာ မျက်နှာကို ချီတင်းထားလေပြီး...။
ထွက်သွား...မမြင်ချင်တော့ဘူး ...သင် အခု ရှေ့ကထွက်သွားစမ်း..."
မင်းသမီး၏ တင်းမာတဲ့ လေသံအဆုံးမှာ ဇာထရီက တံခါးဝဘက်သို့ လှည့်၍ အမှု့ထမ်းများကို ခေါ်ဆိုလိုက်တော့သည်။
လာကြစမ်း...ဒီအပျိုတော်ကို နန်းတော်ထဲက နှင်ထုတ်လိုက်ကြ ...လုံးဝ နန်းတော်ထဲ ဝင်မလာခဲ့စေနဲ့..."
ဇာထရီ၏ အော်သံအဆုံးမှာ အမှု့ထမ်းနှစ်ဦး ခန်းဆောင်ထဲ အပြေးလွှားဝင်လာလေကာ အပျိုတော်အား ချိုင်းတစ်ဖက်တစ်ချက်ဆီမှ ဆွဲမ၍ အပြင်ကို တရွှတ်တိုက် ဆွဲခေါ်သွားလေသည်။
မင်းသမီး တောင်းပန်ပါတယ် မင်းသမီး ခွင့်လွှတ်ပေးပါ ကျွန်တော်မျိုးမမှာ ခို ခိုလှုံစရာ နေရာမရှိလို့ပါ ငဲ့ညာပေးပါ မင်းသမီး."
အပျိုတော်လေး ငိုယိုအော်ဟစ်ရင်းက အပြင်ဘက်ဆီသို့ ပါသွားလေတော့သည်။
ကျန်နေတဲ့ နန်းတွင်းသူလေးတွေလည်း တစ်ယောက်မှ မလှုပ်ရဲကြ အသက်တောင်မရူဝံ့လေအောင် ငြိမ်သက်နေမိသည်။
ဇာထရီက စိတ်မရှည်စွာနဲ့ ထိုမိန်းကလေးတွေကို မျက်မှောင်ကြုတ်ကြည့်လိုက်ပြီး...။
YOU ARE READING
အမုန်းများဖြင့် ကျိန်ဆိုခဲ့လေသော
Historical Fictionမြန်မာနန်းတွင်းဇတ်လမ်း Author တမာဝိုင်