{အပိုင္း၃၀}

6 0 0
                                    

အမုန်းများဖြင့် ကျိန်ဆိုခဲ့လေသော {အပိုင်း၃၀}

.................................................................................

သတ်ပစ် ...မောဝိယ စစ်သည်တွေကို သတ်ပစ်ကြ..."

စောယက္ခ ကျယ်လောင်စွာ ဟစ်အော် အမိန့်ပေးရင်း ဓါးရှည်ကို ကိုင်ဆောင်ကာ သံမဏိစစ်သည်များအား တိုက်ခိုက်လျှက်ရှိသည်...။ထိုအခိုက် တိုက်ပွဲအတွင်း နောက်ထပ် မြင်းစီး စစ်သည်တွေပါ ထပ်မံ ဝင်ရောက်လာလေတော့ စောယက္ခ၏ မျက်နှာက ဒေါသဖြင့် ချောက်ခြားဖွယ်ကောင်းအောင်ပင် ခက်ထန်လာလေ၏။

ချွမ်....ချွမ် "

ဇွတ်...အားးး "

ယာားးဝှစ်...အားး

အင်အားကြီးမားတဲ့ စောယက္ခ ဓါးမြအဖွဲ့နှင့် မောဝိယစစ်သည်တွေ ထိပ်တိုက်ရင်ဆိုင်တွေ့လေတော့ တိုက်ပွဲသည် လွန်စွာ ပြင်းထန်၍ ဓါးချင်းထိသံ အော်ဟစ်ငြီးတွားသံများဖြင့် ဆူညံလျှက်ရှိသည်။

မဟာ အဂ္ဂဦးဆောင်သော သံမဏိစစ်သည်များနဲ့ တပ်မှူးလေး စက္ကဦးဆောင်သော မြင်းစီးစစ်သည်များက နှစ်ဖက်ညှပ်၍ တိုက်ခိုက်လာလေတော့ အချိန်ကြာလာသည်နှင့်အမျှ စောယက္ခ၏ ဓါးပြအဖွဲ့ဝင်များ အထိခိုက် အကျဆုံး များလာရလေ၏ ။ဤသည်ကို စောယက္ခလည်း မြင်လေသည်။

ချွမ်...ချွမ်...ယားးးး

ဇွပ်...ဇွပ်...အားးးးး

မချိမဆန့် ညည်းတွားသံများနဲ့ အကျဆုံးတွေ များလာလေတော့ စောယက္ခ သွေးပျက်လာလေ၏ ထို့အတူ တချို့သော သူ့လက်အောက်က ဓါးပြအဖွဲ့သားတို့မှာလည်း သူ၏ အမိန့်ကိုပင် စောင့်မနေကြတော့ပဲ အထိခိုက်များလာတဲ့ တိုက်ပွဲကနေ ထွက်ပြေးကြလေတော့သည်။

သို့သော် ထွက်ပြေးကြလေသော စောယက္ခ၏ ဓါးပြအဖွဲ့သားတွေ မသိသည်က မင်းသား မဟာဒီပါနှင့် လက်အောက်ခံစစ်သည်အဖွဲ့ဟာ သူတို့ ထွက်ပြေးမည့် တစ်ခုတည်းသော လမ်းဖြစ်လေသော တောင်ကြားလမ်းဝယ် ပိတ်ဆို့ကာ စောင့်ကြပ် တိုက်ခိုက်နေကြခြင်းပင်...။

ရှေ့မှာ မင်းသား မဟာအဂ္ဂဦးဆောင်သော သံမဏိစစ်သည်များနှင့် တပ်မှူးစက္က၏စစ်သည်များက ဓါးပြများကို သဲမဲ၍ ချေမှူန်းလေသလို အခြေနေမဟန်လေသည်မှန်းသိ၍ ထွက်ပြေးလာကြလေတော့ ဓါးပြများကိုလည်း မင်းသား မဟာဒီပါနှင့်အဖွဲ့က ပိတ်ဆို့တိုက်ခိုက်လျှက် ရှိသည်။

အမုန်းများဖြင့်‌ ကျိန်‌ဆိုခဲ့‌လေ‌သောWhere stories live. Discover now