အမုန်းများဖြင့်ကျိန်ဆိုခဲ့လေသော{အပိုင်း၂}
.....................................................................
ဘုန်းတော်ကြီးမား အရှင်မင်းတရားကြီးခင်ဗျား...သက္ကရဓမ္မီတိုင်းပြည်မှ အရှင်မင်းကြီးရဲ့ တောင်းဆိုချက်အား ကန့်ကွက်ငြင်းဆန်ကြောင်း သဝဏ်လွှာပါးလိုက်ပါတယ် မင်းကြီးဘုရား..."
အတွင်းဝန်မင်း၏ လျောက်တင်သံအဆုံးမှာ မောဝိယဘုရင်မင်းမြတ်၏ မျက်ခုံးအစုံ တွန့်ကုတ်သွားလေသည်။ မျှော်လင့်ပြီးသားဖြစ်သော်လည်း သူလိုဧကရာဇ်တစ်ပါး၏အလိုကို သေးငယ်နုံနဲသော တိုင်းပြည်ငယ်လေးမှ ရှင်ဘုရင်က ငြင်းဆန်ဝံ့ရကောင်းလားဟု ရာဇမာန်တော်လည်း တက်လို့သွားလေ၏။
ကောင်းပြီ အတွင်းဝန်မင်း ငါကိုယ်တော့်လက် ဆက်သချေစမ်း သဝဏ်လွှာကို..."
ကောင်းပါပြီ အရှင်မင်းမြတ်..."
အတွင်းဝန်မင်း ဒူူးထောက်ခစားနေရာမှ ထလိုက်ကာ အရှင်းမင်းမြတ်ရှေ့တော်မှောက် တိုးလျောက်သွားလိုက်ပြီး သက္ကရဓမ္မီမှ ပေးပို့လိုက်သော သဝဏ်လွာကို အရှင်းမင်းကြီး လက်တော်သို့ ရိုသေစွာ ဆက်သလိုက်လေသည်။
မောဝိယအရှင်မင်းမြတ် သဝဏ်လွှာကို ဖြန့်ဖတ်ပြီးသည့်နောက် မျက်မှောင်များ ပို၍ တွန့်ကြုပ်သွားရကာ ကောက်ကျစ်သော မျက်ဝန်းများကို မှေး၍ အတန်ကြာ ငြိမ်သက် စဉ်းစားနေလေသည်။ ထို့နောက်မှာတော့...။
ကောင်းလေပြီ ဝန်မင်းများ...သက္ကရဓမ္မီက ငါကိုယ်တော့်တောင်းဆိုမှု့ကို ငြင်းဆန်ပြီး စစ်ပြုချင်းကိုသာ လိုလားကြောင်း သဝဏ်လွှာ ပါးအပ်လိုက်လေပြီမို့...ငါကိုယ်တော် အခုချက်ချင်း အမိန့်တော် ချမယ် နာခံကြစမ်း မောင်မင်းများ..."
မှန်လှပါအရှင်မင်းကြီး နာခံရန် အသင့်ရှိကြောင်းပါ အရှင်မင်းကြီ..."
ညီလာခံသဘင်ရှိ ဝန်မင်းများ အမတ်မင်းများအားလုံး ကိုယ်ကို ညွတ်ကိုင်း၍ အရှင်မင်းမြတ်အား အရိုသေပြုလေရင်း အရှင်မင်းမြတ်၏ အမိန့်တော်ကို စောင့်ဆိုင်းလျှက်ရှိလေသည်။
မကြာခင်ပဲ အရှင်မင်းမြတ်၏ အမိန့်သံက ပြတ်သားစွာ ထွက်ပေါ်လာလေ၏။
YOU ARE READING
အမုန်းများဖြင့် ကျိန်ဆိုခဲ့လေသော
Historical Fictionမြန်မာနန်းတွင်းဇတ်လမ်း Author တမာဝိုင်