{အပိုင္း၈}

4 0 0
                                    

အမုန်းများဖြင့် ကျိန်ဆိုခဲ့လေသော {အပိုင်း၈}

.....................................................................

ကောင်းပါပြီ မောင်တော်ဘုရား ဒါဆိုလည်း နှမတော်တို့ ရှောင်ပေးပါ့မယ်..."

စကားဆုံးသည်နှင့် တောင်နန်းစံမိဖုရားကြီး ထိပ်ထားဒေဝီနဲ့ မြောက်နန်းစံမိဖုရား သက်ထားဧကရီတို့ မကျေမချမ်း မျက်နှာပေးမျိုးဖြင့် မဟာအဂ္ဂကို တစ်ချက်ဝေ့ကြည့်ပြီး ဥယျာဉ်တော် အပြင်ဘက်သို့ လျောက်လှမ်းသွားလိုက်သည်။

ရော့ သားတော် သောက်သုံးလှည့်ချေအုံး..."

ကမ်းပေးလာတဲ့ သေရည်ခွက်ကို လက်နှစ်ဖက်နဲ့ ရိုသေစွာ ပင့်မြှောက်ယူ၍ မဟာအဂ္ဂ မော့သောက်လိုက်သည်။ မောဝိယဘုရင်မင်းမြတ် မဟာအဂ္ဂကို စိုက်ကြည့်လေပြီး...။

ဘယ်လိုလဲ သားတော် ဂိုတိုင်းပြည်က ဆက်သတဲ့ နှစ်ချို့သေရည် အရသာ မြည်းစမ်းလို့ သဘောတွေ့နှစ်သက် ပါရဲ့လား..."

နှစ်သက်ပါတယ် ခမ္မည်းတော်..."

မဟာအဂ္ဂ အဖြေကြောင့် မင်းကြီး ကျေနပ်စွာ ပြုံးလေသည်။ ပြီးလေမှ...။

နန္ဒမင်းသား ဘာများ အမှာတော်ပါးလိုက်သလဲ သားတော်..."

ခမ္မည်းတော်အတွက် ရတနာများနဲ့အတူ အပျိုတော်တွေကို ဆက်သလိုက်ပါတယ် တပ်မှူးဗာလနဲ့ အတူ ပါလာခဲ့ပါလိမ့်မယ် ခမ္မည်းတော်..."

အိမ်းးးအဲ့ဒါ ထားချေအုံး...သက္ကရဓမ္မီထဲ ဝင်ရောက်ထိန်းသိမ်းနိုင်ခဲ့တဲ့ အခြေနေအရပ်ရပ်ကို ခမ္မည်းတော်ကို ပြန်လည် လျောက်ထားချေအုံး သားတော် ခမ္မည်းတော် သိလိုလှတယ်ကွယ့်..."

မှန်လှပါ ခမ္မည်းတော် သားတော် လျောက်တင်ပါ့မယ်..."

ထိုနောက်မှာတော့ မဟာအဂ္ဂက သက္ကရဓမ္မီထဲ နန္ဒမင်းသား၏ အကူညီဖြင့် ပုံဖျက်လျိုဝင်ခဲ့စဉ်မှစလို့ သက္ကရဓမ္မီ၏ စစ်သူကြီး အရှေ့တံခါးကို စောင့်ရှောက်ဖို့ ထွက်ခွာစဉ်မှာ နန်းတော်ကို နန္ဒမင်းသား၏ နန်းစောင့်စစ်သည်များနှင့် သူ၏ သံမဏိ စစ်သည်များ ပူးပေါင်းကာ ဝင်ရောက်စီးနင်းခဲ့ပုံ သက္ကရဓမ္မီမင်းကြီး၏ ကိုယ်ရံတော်တပ်ဖွဲ့ကို နှိမ်နင်း၍ နန်းတော်ကို ထိန်းချုပ်ခဲ့ပုံများနှင့် အရှေ့တံခါးမှာ တပ်မှူးစက္ကရာဇာနှင့် ရင်ဆိုင်ပြီး နန်းတော်ကို ပြန်လှည့်လာခဲ့တဲ့ သက္ကရဓမ္မီ၏ စစ်သူကြီးအား သူ မည်သို့ ရှင်းလင်းခဲ့ပုံအဆုံး ပြန်လည် လျောက်တင်လိုက်သည်။

အမုန်းများဖြင့်‌ ကျိန်‌ဆိုခဲ့‌လေ‌သောWhere stories live. Discover now