{အပိုင္း၁၅}

6 0 0
                                    

အမုန်းများဖြင့်ကျိန်ဆိုခဲ့လေသော {အပိုင်း၁၅}

..............................................................................

မှန်တင်ခုံရှေ့ထိုင်ကာ အမျိုးသမီးကြီးတွေ စိတ်ကြိုက် ခြယ်လှယ်ပြင်ဆင်သည်ကို ခံယူရင်း ဝတီ စိတ်တွေ ရှုပ်ထွေးနောက်ကျိနေရသည်။

နန်းတွင်းသူ အမျိုးသမီးကြီးတွေက ဝတီ့မျက်နှာထက် မျက်နှာချေကို သုတ်လိမ်းခြယ်သလေပြီးနောက် ဆံထုံးကို ခပ်မြင့်မြင့် ထုံးဖွဲ့၍ ပုလဲလုံးဆံထိုးကို ထိုးစိုက်လိုက်ချိန်မှာတော့ ဝတီသည် သက္ကရဓမ္မီမှာ သခင်မလေးအဖြစ် စံမြန်းခဲ့စဉ်ကအတိုင်း တင့်တယ်လှပသော အသွင်ပြင်က ပေါ်လွင်လာလေ၏။

အပျိုတော်ထိန်းကြီးက ပြင်ဆင်ခြယ်သပေးနေတဲ့ နန်းတွင်းသူ အမျိူးသမီးကြီးတွေကို တစ်ချက်ဝေ့ကြည့်ပြီးသည့်နောက်...။

သူတို့ကို ပြင်ဆင်ပေးပြီးရင် အရှေ့နန်းဆောင်ကို ခေါ်လာခဲ့ကြချေ..."

ဆိုလိုက်ပြီး ဝင်လာတုန်းကအတိူင်းးးတစ်ခြားအမျိုးသမီးကြီးနှစ်ဦးကို ဘယ်ညာ ခြံရံလျှက်ဖြင့် ခန်းဆောင်ထဲက ထွက်သွားလေတော့သည်။

ဝတီနှင့် သက္ကရဓမ္မီမှ ခေါ်ဆောင်လာသူ မိန်းမပျိုလေးများအားလုံးကို ပြင်ဆင်ခြယ်သပေးပြီးချိန်မှာတော့ နန်းတွင်းသူ အမျိုးသမီးကြီးတွေက ဦးဆောင်ကာ အရှေ့နန်းဆောင်ဆိုသော အဆောင်တစ်ခုဆီသို့ ခေါ်လာခဲ့ကြလေသည်။

ထို့နောက် သက္ကရဓမ္မီမှ မိန်းကလေးများကိုသာ ခန်းဆောင်ထဲ ဝင်စေကာ နန်းတွင်းသူ အမျိုးသမီးကြီးများကတော့ အပြင်မှာသာ ရပ်ကျန်နေခဲ့လေ၏

အရှေ့နန်းဆောင်ထဲသု့ိ သက္ကရဓမ္မီသူ သခင်မလေးများတို့ လှမ်းဝင်လိုက်လေတော့ ဟောလ်ခန်းကျယ်သကဲ့ ကျယ်ပြန့်တဲ့ အခန်းဆောင်ကြီးထဲဝယ် အပျိုတော်ထိန်း အမျိုးသမီးကြီးနှင့်အတူ အသက်ကြီးကြီး ယောကျ်ားတစ်ဦး အသင့်ရပ်စောင့်နေတာကို တွေ့လိုက်ရလေသည်။

ဝတီနဲ့ မိန်းကလေးတွေ နန်းဆောင်ထဲ ဝင်လာကြလေတော့ ထိုယောကျ်ားကြီးက ငဲ့ကြည့်လေပြီးး။

ဟေ့...အားလုံး တစ်ညီတည်း တန်းစီကြ..."

အမိန့်သံဆန်လွန်းစွာ ကျယ်လောင်သည့်အသံဖြင့် အော်လေတော့ ဝတီကော တခြားမိန်းကလေးတွေပါ တန်းစီရပ်လိုက်ရလေသည်။ အပျိုတော်ထိန်းဆိုသည့် အမျိုးသမီးကြီးက ပြင်ဆင်ထားတဲ့ မိန်းကလေးများရဲ့ မျက်နှာကို ဝေ့ဝဲကြည့်လေရင်းးး အစွန်ဆုံးက တစ်ယောက်၏ မျက်နှာကို ဆွဲမော့ယူလိုက်သည်။

အမုန်းများဖြင့်‌ ကျိန်‌ဆိုခဲ့‌လေ‌သောWhere stories live. Discover now