အမုန်းများဖြင့်ကျိန်ဆိုခဲ့လေသော {အပိုင်း၁၀}
..............................................................................
သတိမလစ်ခင်တုန်းကတော့ သူရင်ဘတ်တွေ အရမ်းအောင့်တယ် အသက်ရှုကြပ်တယ်လို့ ပြောတယ် တပ်မှူးရှင့်...နောက်တော့ ခေါ်မရအောင် ဖြစ်သွားတော့တာပါပဲ..."
သူ့အမေးကို လာ၍ ခေါ်ဆောင်သော မိန်းကလေးကပဲ ဝင်ဖြေလေသည်။စက္က သတိလစ်နေတဲ့ မိန်းကလေးမျက်နှာကို ငဲ့ကြည့်လိုက်လေတော့...မျက်နှာတပြင်လုံး သွေးဆုတ်သကဲ့ ဖြူလျော်ကာ နုတ်ခမ်းများ သိသိသာသာ ခြောက်ကပ်နေတာကို သတိထားမိလိုက်သည်။
သူ ချက်ချင်းပဲ မိန်းကလေးတွေ လက်ထဲကနေ ထိုသတိလစ်နေတဲ့ မိန်းကလေးကို လက်ပြောင်းလွှဲယူလိုက်ပြီး ပွေ့ကာ ထိန်းထားလိုက်၏ သူမကို ရင်ခွင်ထဲ အလိုက်သင့် ပေးမှီထားလိုက်ပြီးနောက် ရပ်နေတဲ့ သမားတော်ကြီးကို မော့ကြည့်လိုက်သည်...။
သမားတော်ကြီး..."
ရှိပါတယ် တပ်မှူးချုပ်..."
သူ့ခေါ်သံကြောင့် သမားတော်ကြီး ဗျာဒ ရှေ့တိုးလာကာ ဘေးမှာ ဆောင့်ဆောင့် ထိုင်ချသည်.။ထို့နောက် မိန်းကလေး လက်ကောက်ဝတ်ကို ဆွဲယူကာ လက်မှ သွေးခုန်နူန်းကို စမ်းသပ်သည်။ ပြီးလေတော့ မိန်းကလေး ရင်ဘတ်နားသို့ ကပ်ကာ နှလုံးခုန်သံကို နားစိုက်ထောင်လေ၍ အတော်ကြာမှ စက္ကကို ကြည့်လာလေကာ...။
မိန်းကလေး နှလုံးခုန်နုန်းက ပုံမှန်မဟုတ်ဘူး တပ်မှူးချုပ် အရမ်းကို အခုန်မြန်လွန်းနေတယ်...နှလုံးနဲ့ပက်သက်ပြီး ပြင်းထန်တဲ့ ဝေဒနာ ရှိနေတဲ့ပုံရတယ်..."
နှလုံး ဝေဒနာလို့ ဆိုလိုချင်တာလားးး"
ဟုတ်ပါတယ် တပ်မှူးချုပ်..."
လောလောဆယ်တော့ မိန်းကလေးကို သက်တောင့်သက်သာ ရှိရအောင် လှဲလျောင်းထားလိုက်တာ ပိုသင့်တော်ပါမယ် တပ်မှူူးချုပ်..."
ကောင်းပြီ သမားတော်ကြီး..."
သမားတော်ကြီး စကားကြောင့် စက္ကရာဇာ ဘေးမှာ စုရုံးနေကြတဲ့ မိန်းကလေးများကို ငဲ့ကြည့်လိုက်သည်။
YOU ARE READING
အမုန်းများဖြင့် ကျိန်ဆိုခဲ့လေသော
Historical Fictionမြန်မာနန်းတွင်းဇတ်လမ်း Author တမာဝိုင်