အမုန်းများဖြင့်ကျိန်ဆိုခဲ့လေသော {အပိုင်း၁၂}
...........................................................................
မင်းသမီး...မင်းသမီး...တပ်မှူးချုပ်နဲ့ စစ်သည်တွေ ပြန်ရောက်လာပါပြီ မင်းသမီး..."
ဟင်...သူ...သူပြန်လာပြီ...ဟုတ်လား..."
အစေခံ မယ်ယဉ် အပြေးလေး ခန်းဆောင်ထဲဝင်လာကာ ဆိုလေတော့ ...ဒိန်းကနဲ ဆောင့်ခုန်သွားသော ရင်ခုန်လှုပ်ခတ်မှု့များနှင့်အတူ မင်းသမီး...စူဋ္ဌကလျာ မှန်တင်ခုံရှေ့ ထိုင်နေရာမှ...ဝုန်းကနဲ ထရပ်လိုက်သည်။
အို မင်းသမီး ဆံပင်တွေ ငြိကုန်ပြီ..."
ဗြုန်းကနဲ ထရပ်လိုက်ခြင်းကြောင့် အနောက်က သူမ၏ ဆံနွယ်တွေကို ဖီးသပ်ပြင်ဆင်ပေးနေသော မယ်စာက ဘီးနှင့်ငြိသွားသော ဆံနွယ်များအား ကြည့်ကာ သတိပေးသည်။
သိူ့ပေမယ့်...စူဋ္ဌကလျာ...ငြိသွားတဲ့ ဆံနွယ်များအား သတိထားမနေအား...ရှေ့က ပြေးဝင်လာတဲ့ မယ်ယဉ်ကိုသာ အာရုံစိုက်မိရလေကာ...ကသောကမျော မေးမိရပြန်သည်။
သူ သူတကယ် ပြန်လာပြီပေါ့လေ...ဟုတ်လား ...မယ်ယဉ် ...သူပြန်ရောက်လာပြီပေါ့နော်...ဒါ အမှန်ပဲမလားး"
မှန်ပါတယ် မင်းသမီး...တပ်မှူးစက္က အမှန်တကယ် ပြန်ရောက်လာပြီ ဖြစ်ကြောင်းပါ...မယ်ယဉ် မျက်စိနဲ့ တပ်အပ် မြင်တွေ့လာခဲ့ရကြောင်းပါ..."
ဒါ ဒါဆို သူဒဏ်ရာတွေ ဘာတွေကော ရလားသေးလားဟင်...ထိမိ ခိုက်မိတာတွေကော ရှိလာခဲ့သေးလားးပြောပါအုံး မယ်ယဉ် ပြောပါအုံး ကလျာ သိလိုလှပြီကွယ့်..."
နှစ်ရှည်လများက သူမ တိတ်တခိုးလေး တွယ်ငြိမိနေခဲ့တဲ့ တပ်မှူးစက္ကရာဇာကို စိတ်ပူခြင်းကြီးစွာမေးမိတော့ တော်ဝင်မင်းသမီးတစ်ပါးရဲ့ ရာဇအိဒ္ဒြေကိုပင် သူမ မေ့လျော့သွားခဲ့ရလေသည်။
သို့ပေမယ့် သူမအပါးမှာ နှစ်ပေါင်းများစွာ အခစားဝင်ခဲ့တာ ကြာပြီဖြစ်သော မယ်ယဉ်ကတော့ သူမနှလုံးသားကို မြင်တွေ့သိရှိနေခဲ့ပြီးသည့်သူမို့ နားလည်စွာ ပြုံးလေပြီး...။
တကယ်ပါ မင်းသမီး...စိတ်အေးချမ်းသာစွာ နေပါတော့ တပ်မှူးစက္က ဘာဒဏ်ရာဒဏ်ချက်မှ ရမလာခဲ့လို့ ဘယ်နေရာမှလည်း ထိခိုက်မိတာ မရှိကြောင်းပါ..."
YOU ARE READING
အမုန်းများဖြင့် ကျိန်ဆိုခဲ့လေသော
Historical Fictionမြန်မာနန်းတွင်းဇတ်လမ်း Author တမာဝိုင်