အမုန်းများဖြင့် ကျိန်ဆိုခဲ့လေသော{ အပိုင်း၃၂}
.................................................................................
သုန္ဒရဝတီ..."
နားထဲ တိုးသဲ့စွာ ခေါ်သံကြောင့် ဝတီ ထိုင်နေရာက ဆက်ကနဲ နောက်လှည့်ကြည့်လိုက်သည်။
ဟင်...တပ်မှူး..."
နောက်မှာ ရပ်နေတဲ့ သံချပ်ကာဝတ်စုံနဲ့ တပ်မှူးစက္ကရာဇာကို မြင်လိုက်ရသည်မို့ ဝတီ့ရင်ထဲ ထိတ်ကနဲ ဝမ်းသာလှိုက်တက်မှု့နဲ့အတူ ချက်ချင်း ထိုင်နေရာက ထရပ်မိလိုက်သည် ။
တပ်မှူးက သူမ၏ ရှေ့သို့ လျောက်လာခဲ့လေကာ...ချိုသာစွာ ပြုံးလေ၍...။
အဟွန်း ထင်သားပဲ ...သင် ဒီမှာ ရှိနေလိမ့်မယ်လို့ စိတ်က အလိုလို ခံစားမိနေခဲ့တာ ခံစားမိတဲ့အတိုင်းလည်း တကယ်ကို ရှိနေတာပဲကိုး..."
တပ်...တပ်မှူး...ရှင် ရှင်ပြန်လာပြီ ရှင် ဘာမှ မဖြစ်လာပါဘူးနော် ဟုတ်တယ်မလား ရှင်ဘာမှ ဖြစ်မလာခဲ့ဘူး မဟုတ်လား..."
စစ်ထွက်သွားလေတဲ့ ရက်တွေမှာ ပူလောင်စွာ စိုးရိမ်နေခဲ့ရသည်မို့ ရှေ့ရောက်လာသည့်တိုင်အောင် ဝတီစိတ်မချနိုင်စွာနှင့် သူ့လက်တစ်ဖက်ကို ဆွဲကိုင်ကာ မေးမိသည်။
ပြီး သတိလက်လွှတ်ဖြစ်မိကာ သူ့ကိုယ်အနှံ့ဘယ်နေရာ ဒဏ်ရာ ဒဏ်ချက် ရလာလေသလဲ အတွေးဖြင့် ဝတီ မျက်ဝန်းတွေ ဝေ့ဝဲရှာဖွေမိလေတော့...။
ဘာမှ မဖြစ်ဘူး သုန္ဒရဝတီ ကျွနု်ပ် ဘာမှ အထိခိုက်မရှိပဲ သင့်ဆီ ပြန်ရောက်လာခဲ့ပြီ ပူပန်လို့ မနေပါနဲ့တော့..."
ထိုအခါမှ စိတ်ချသွားဟန်ဖြင့် သူမလေးဆီက ပင့်သက်ချသံကို စက္ကကြားရသည်။သို့သော် သူ့လက်တစ်ဖက်ကိုတော့ သတိလက်လွှတ်ဟန်ဖြင့် ခုထိ သူမလက်များဖြင့် ဆုပ်ကိုင်လို့ထားဆဲပင်...။
စက္က သူမလေးရဲ့ စိုးရိမ်ပူပန်မှူ့တွေအတွက် ရင်နှင့်အပြည့် ကြည်နူးမိရလေရင်းက မြတ်နိုးစွာ သူမ၏ မျက်နှာလေးကို ကြည့်မိသည်။ ပြီးလေမှ...။
ကျေးဇူးတင်ပါတယ် သုန္ဒရဝတီ အခုလို ကျွနု်ပ်ကို စိုးရိမ်ပူပန်ပေးတဲ့အတွက် ...သင့်ဆီက အလေးနက်ထားရှိမှု့ကို ရရှိတာ တကယ်ကို ကြည်နူးမိရပါတယ်..."
YOU ARE READING
အမုန်းများဖြင့် ကျိန်ဆိုခဲ့လေသော
Historical Fictionမြန်မာနန်းတွင်းဇတ်လမ်း Author တမာဝိုင်