{အပိုင္း၁၈}

4 0 0
                                    

အမုန်းများဖြင့်ကျိန်ဆိုခဲ့လေသော {အပိုင်း၁၈}

..............................................................................

သုန္ဒရဝတီ...အားးးအားး ကျွန်ု်ပ် ဘယ်လို ဖြစ်မှန်းမသိ...အားးး"

ဟင် ...ဘာဖြစ် ဘာဖြစ်တာလဲ မယ်စာ..."

မိဖုရား နန်းမုဒြာရှိရာ အနောက်နန်းဆောင်သို့ သွားနေရင်းမှ လမ်းတစ်နေရာအရောက် ဗိုက်ကို လက်နှိပ်ညည်းတွားသည့် မယ်စာကြောင့် ဝတီ အထိတ်တလန့် မေးမိသည်။

မယ်စာက မျက်နှာတပြင် ရှုံ့မဲ့ ညည်းတွားရင်းမှ ဝတီကို ကြည့်လေ၍...။

ရုတ်တရပ်ကြီး ဗိုက် အရမ်းနာလာလို့ သုန္ဒရဝတီ အားး..."

မဖြစ်တော့ဘူး သုန္ဒရဝတီ...အနောက်နန်းဆောင်ကို သင်အရင်သွားနှင့်တော့ ကျွနု်ပ် ရေအိမ်ဝင်ပြီးမှ လိုက်လာခဲ့တော့မယ်...သင်သွားနှင့်လေတော့..."

ပြောပြောဆိုဆို ဝတီ့လက်ထဲ သူကိုင်ဆောင်ထားသည့် ပွဲတော်အုပ်ကို ထိုးထည့်လေသဖြင့် ဝတီ ပွဲတော်နှစ်အုပ် ပွေ့ပိုက်လျက် ဖြစ်သွားရကာ မယ်စာကို မျက်လုံးအဝိုင်းသားကြည့်မိသည်။ထို့နောက်...။

မယ်စာ...အနောက်နန်းဆောင်ကို အရင်သွားခိုင်းတာက ဟုတ်ပါရဲ့ !.ဒါပေမယ့် ဝတီမှ အနောက်နန်းဆောင်ကို ဘယ်သို့ သွားရမည်မသိပဲ မယ်စာ...ဝတီကို လမ်းညွှန်လှည့်ပါအုံး..."

ကောင်းပြီ ဝတီ ကျွနု်ပ် ညွှန်ကြားလိုက်ပါ့မယ် သင်အရင်သွားနှင့်ပါ..."

မယ်စာ ရှုံ့မဲ့ဆိုရင်း အနောက်နန်းဆောင်ဘက်သိူ့ သွားရာလမ်းကို ညွှန်လေသည်။ ပြီးသည်နှင့် ဝတီ့နားပနေ ဗိုက်ကို လက်နှိပ်ကာ တစ်ဂျိုးတည်း ပြေးထွက်သွားလေတော့၏။

မယ်စာအပါးက ထွက်သွားသည်နှင့် ဝတီ ပွဲတော်နှစ်အုပ်လုံးကို ပွေ့ပိုက်ကာ မယ်စာ ညွှန်ပြသည့်လမ်းအတိုင်း လျောက်လာခဲ့လိုက်သည်။

သို့သော် ...မယ်စာပဲ ညွှန်ပြသည်မှာ မရှင်းလင်း၍ပဲလား ဝတီကိုယ်တိုင်ကပဲ အမှု့အမှတ်မဲ့ မှတ်သားမိလေခြင်းပဲလား မသိ မယ်စာညွှန်ပြသည့်အတိုင်း လာခဲ့လေသော်လည်း မိဖုရား နန်းမုဒြာ နန်းဆောင်ကို ဝတီ ရှာမတွေ့နိုင်လေသလို ရွှေနန်းတော်နဲ့လည်း ဝေးသထက် ဝေးလာရလေသည်။

အမုန်းများဖြင့်‌ ကျိန်‌ဆိုခဲ့‌လေ‌သောWhere stories live. Discover now