{အပိုင္း၁၇}

5 0 0
                                    

အမုန်းများဖြင့် ကျိန်ဆိုခဲ့လေသော {အပိုင်း၁၇}

..............................................................................

သားတော် အထဲမှာ ရှိနေသလား..."

ဟို...ဟို..."

မြောက်နန်းစံမိဖုရား သက်ထားကေသရီရဲ့ အမေးကို မင်းသား မဟာမင်းနောင်၏ နန်းဆောင်မှ အပျိုတော်က ချက်ချင်းမဖြေနိုင်ပဲ တဟိုဟို ဖြစ်လို့နေလေသည်။

မိဖုရား သက်ထားကေသရီ မျက်မှောင်များတွန့်ကုတ်သွားလေ၍...။

ဟဲ့ မယ်မင်း သင့်ကို ကျွနု်ပ်မေးနေတယ် ကြားသလားးသားတော် အထဲမှာ ရှိနေသလားဆိုတာ..."

မရှိ...မရှိပါဘူး မိဖုရားးမင်းသား နန်းဆောင်ထဲ ရှိမနေခဲ့ပါဘူးး"

ဘာ...ရှိမနေဘူး ဟုတ်သလားး

အပျိုတော်ရဲ့ မျက်စိပျက် မျက်နှာပျက် ဖြေသံအဆုံးမှာ မိဖုရား သက်ထားကေသရီရဲ့ အသံက ဟိန်းထွက်သွားလေသည်။ အပျိုတော်က မျက်လွှာကို အောက်ချပြီး မဝံ့ မရဲ ခေါင်းညိတ်၏။

ဟုတ် ဟုတ်ပါတယ် ရှိမနေပါဘူး မိဖုရားး"

ဒါဆို ဘယ်သွားလဲ သားတော် မယ်မင်း လျောက်တင်စမ်းးးး

ဟို...နန်းတွင်း ပန်ချီဌာနမှာ မင်းသား ရှိနေကြောင်းပါ မိဖုရားး

ဘာရယ်...ပန်ချီဌာန ဟုတ်သလားးး"

မိဖုရား သက်ထားကေသရီ အပျိုတော် စကားကြောင့် ချက်ချင်း မျက်နှာထက် ဒေါသအရိပ်ငွေ့တွေ လွှမ်းခြုံသွားလေသည်။ပြီး တောက်တစ်ချက်ကိုခပ်ပြင်းပြင်း ခတ်ထုတ်ပစ်လိုက်၏။

တောက်...

ကျယ်လောင်စွာ ခတ်ထုတ်လိုက်တဲ့ တောက်တစ်ချက်နှင့်အတူ နောက်ပါးမှာ ခစားနေတဲ့ မိမိ၏ နန်းဆောင်မှ ကိုယ်ရံတော်နှစ်ဦးနှင့်အတူ အပါးတော်မြဲ ဒေါ်အိုဇာကို လှည့်ကြည့်လိုက်သည်။ ထို့နောက်...။

ဒေါ်အိုဇာ အခုချက်ချင်းးးနန်းတွင်း ပန်ချီဌာနကို သွားမယ်..."

အမိန့်တိုင်းပါ မိဖုရားး

ဒေါ်အိုဇာ ဖြေသံဆုံးသည်နှင့် မိဖုရား သက်ထားကေသရီ နန်းတွင်း ပန်ချီဌာနသို့ ခြေလှမ်းတွေ ဦးတည်ပစ်လိုက်သည်။ ရင်ထဲမှာတော့ သူမ၏ သားတော်ဖြစ်သူ မင်းသား မဟာမင်းနောင်ကို ကျိတ်မနိုင်ခဲမရ ဒေါဖြစ်နေရလေ၏။

အမုန်းများဖြင့်‌ ကျိန်‌ဆိုခဲ့‌လေ‌သောWhere stories live. Discover now