{အပိုင္း၄}

2 0 0
                                    

အမုန်းများဖြင့်ကျိန်ဆိုခဲ့လေသော{အပိုင်း၄}

........................................................................

ချွမ်းးးးး

ကျယ်လောင်သော ဓါးနှစ်စင်း၏ ထိခတ်သံအဆုံးမှာ တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင် ရင်ဆိုင်လိုက်ရသည်။ တစ်ယောက်ကို တစ်ယောက် အေးစက်စွာ စိုက်ကြည့်ကြရင်းက တစ်ယောက်အားနည်းချက်ကို တစ်ယောက် စူးစမ်းရှာဖွေနေကြ၏။

ထိုအခိုက်မှာပဲ စစ်သူကြီးမဟာပတ္တိက၏မျက်နှာထက် ခံပြင်းဒေါသတွေ လွှမ်းခြုံလာလေကာ မင်းသား မဟာအဂ္ဂ၏ မျက်နှာထက်မှာလည်း ရက်စက်ခြင်း အေးစက်ပြတ်သားခြင်း အရိပ်ငွေ့တွေက အပြည့်လွှမ်းခြုံလာလေသည်။

တစ်ယောက်ကိုတစ်ယောက် မျက်ဝန်းတွေထဲထိ ထွင်းဖောက်မတတ် အပြန်အလှန်စိုက်ကြည့်၍ အကဲခတ်ကာ ကြက်ခြေခတ်သဏ္ဍန် ဓါးခြင်းဆိုင်ပြီး အားပြိုင်တွန်းနေကြသည်ကလည်း ကြောက်မက်ဖွယ် မာန်အပြည့်ဖြင့်...။

ချွမ်းးးး

ယားးးး"

ထို့နောက်မှာတော့ စစ်သူကြီး မဟာပတ္တိက ကြက်ခြေခတ်သဏ္ဏာန်စိုင်ထားသည့် ဓါးကို စောင်း၍ မင်းသားမဟာအဂ္ဂ၏ ဓါးကို ချွမ်းကနဲမြည်အောင် ရိုက်ချပစ်လိုက်သည်။ ထို့အတူ ယားးးကနဲ မာန်သွင်းအော်ဟစ်ကာ ဓါးကို မြှောက်၍ မင်းသားမဟာအဂ္ဂကိုယ်ကိုမိုး၍ ခုတ်ချပစ်လိုက်၏။

ဝှစ်..."

မင်းသား မဟာအဂ္ဂ စစ်သူကြီး ပတ္တိက၏ ဓါးခုတ်ချက်ကို ကိုယ်ကိုတိမ်း၍ ငဲ့ရှောင်လိုက်ပြီးနောက် လက်စွဲတော် ဓါးကို ဝှေ့ယမ်းကာ တရစပ် ပြန်လည် တိုက်ခိုက်ပစ်လိုက်သည်။

ချွမ်းးးချွမ်းးးး...ဝှစ် ဝှစ်..."

တဆက်တည်းဆိုသလို ဓါးနှစ်စင်း ထိခတ်သံ တချွမ်ချွမ် ထွက်ပေါ်လာလေကာ စစ်သူကြီး မဟာပတ္တိကနှင့် မင်းသားမဟာအဂ္ဂ၏ တိုက်ခိုက်ပွဲသည် လေအဟုန်မှာ လွင့်နေသည့်အလား ဝှီးကနဲ ဝှစ်ကနဲ လေတိုးသံကြားရရုံမျှသာ လှုပ်ရှားမှု့တွေက အရိပ်ပမာ မြန်ဆန်သွားခဲ့လေတော့သည်။

စစ်သူကြီး မဟာပတ္တိကက ...အတင်းဝင်လုံး၍ တိုက်ခိုက်သည်...။ လက်စွဲတော် ဓါးဖြင့် ပြေးဝင်ပိုင်းသလို...လျှင်မြန်စွာဖြင့် မိုး၍လည်း ခုတ်လေသည် ။

အမုန်းများဖြင့်‌ ကျိန်‌ဆိုခဲ့‌လေ‌သောWhere stories live. Discover now