{အပိုင္း၂၂}

4 0 0
                                    

အမုန်းများဖြင့်ကျိန်ဆိုခဲ့လေသော {အပိုင်း၂၂}

..............................................................................

ဟင်...အဲ့ဒီပန်းက...။

ဟေ့...ရပ်လိုက်..."

သူမအတွက် အန္တရာယ်ရှိနိုင်သည်ဆိုတဲ့အတွေးကို တွေးလိုက်မိသည်နှင့် နူတ်ကပါ ကျယ်လောင်စွာ အော်ဟစ်တားဆီးမိလေသလို လူကလည်း လျှင်မြန်လွန်းသော အဟုန်ဖြင့် သူမအနား အပြေးလွှားရောက်ရှိသွားခဲ့သည်...။တစ်ဆက်တည်း ပန်းဆီလှမ်းနေတဲ့ သူမလက်ကို ပုတ်ထုတ်ချမိကာ သူမကိုယ်ကိုပါ ပုခုံးကနေ သူ့ဘက်သို့ ဆွဲလှည့်လိုက်လေတော့...။

ရုတ်တရပ်မို့ အံ့သြသွားလေသည့် မျက်ဝန်းများဖြင့် မော့ကြည့်လာလေကာ သူ့မျက်နှာကို မြင်ချိန်မှာတော့...။

အို !.လွှတ်...လွှတ်...'"

ဟာ...ဟေ့...မိန်းကလေး..."

ချက်ချင်း မျက်ဝန်းထဲ ထိတ်လန့်ကြောက်ရွှံ့သည့်အငွေ့တွေ ဖုံးလွှမ်းသွားလေပြီး သူမ အတင်းကို ဇွတ်ရုန်းပြေးလေတော့သည်။...မဟာအဂ္ဂ သူမလက်ကို ပြန်ဆောင့်ဆွဲထားလိုက်တော့ အရှိန်လွန်သွားသလို ဖြစ်ကာ သူမကိုယ်လေးက သူ့ရင်ဘတ်ဆီ အရှိန်ပြင်းပြင်းပစ်ကျလာလေ၏ သူ ပွေ့ဖက်လို့ ထိန်းလိုက်သော်လည်း သူပါ ဟန်ချက်ပျက်သလို ဖြစ်သွားရကာ နှစ်ယောက်လုံး မြေပြင်ပေါ် လုံးထွေး ပစ်ကျသွားခဲ့ရလေသည်။

ဘုတ်.........အားးးး"

မြေပြင်ပေါ် ပက်လက်ပစ်လဲကျလေတော့...သူမကိုယ်လေးကပါ သူ့ရင်ဘတ်ပေါ် မှောက်လျက်ထပ်ပါလာလေကာ နှစ်ယောက်စလုံး တော်တော်နှင့် ပြန်မထနိုင်ကြပေ...။ ပစ်လဲကျသည့်အရှိန်နှင့် သူမကိုယ်အောက် ပိနေတဲ့သူ နာကျင်စွာ ညည်းလေမှ ပွေ့ဖက်ထားတဲ့ လက်တွေထဲက သူမ အတင်းရုန်းထွက်ကာ ...ထထိုင်လေသည်။

ပြီး သူ့ကို ထိတ်လန့်ကြောက်ရွှံ့နေတဲ့ မျက်ဝန်းတွေနဲ့စိုက်ကြည့်နေတာမို့ မဟာအဂ္ဂ လဲကျနေရာက သူမနည်းတူ ထထိုင်လိုက်၏ ပြီးလျှင်သူမ၏ မျက်နှာကို စေ့စေ့ကြည့်လိုက်လေကာ...။

တကယ်တော့...အဲ့ဒီပန်းက...ဆူးဆိပ်..."

ဟာ...ဟိတ်...မိန်းကလေး..."

အမုန်းများဖြင့်‌ ကျိန်‌ဆိုခဲ့‌လေ‌သောWhere stories live. Discover now