{အပိုင္း၄၀}

3 0 0
                                    

အမုန်းများဖြင့် ကျိန်ဆိုခဲ့လေသော {အပိုင်း၄၀}

..............................................................................

စူဋ္ဌကလျာ သူမ၏ ရံရွှေတော် မယ်ယဉ်ကို ခေါ်ဆောင်၍ တပ်မှူးလေးနှင့် မောဝိယစစ်သည်တော်များ၏ စစ်ရေးလေ့ကျင့်ကွင်းရှိရာသို့ လျောက်လှမ်းလာလိုက်သည်။

တပ်မှူးလေး စက္ကရာဇာကို ဒီရက်တွေအတွင်းမှာ လုံးဝ မမြင်တွေ့ရပေ ထို့ကြောင့်လည်း စိတ်က ပူပန်နေမိသည်။အတိကျဆိုပါလျှင် တပ်မှူးလေး သူမမျက်ဝန်းရှေ့သို့ ရောက်မလာခဲ့သည်မှာ သုန္ဒရဝတီ မောင်တော်မင်းသား မဟာအဂ္ဂ၏ နန်းဆောင်သို့ ရောက်ရှိသွားလေသည့် နေ့တည်းကပဲ ဖြစ်လေသည်။

ရက်သတ္တပတ်ကြာသည့်တိုင် မြင်ကွင်းထဲ ပေါ်ထွက်လို့မလာသော သူကြောင့် နောက်ဆုံးတော့ သူမ ဘယ်လိုမှ မနေသာပေတော့ သူရှိမည်ထင်ရသည့် ဒီနေရာသို့ အရောက်လှမ်းလာခဲ့ရပေတော့သည်။

စစ်သည်များ၏ စစ်ရေးလေ့ကျင့်ကွင်းကို ရောက်လေတော့ စစ်သည်များကို ဓါးရေးလေ့ကျင့်ပေးနေသည့် ခေါင်းဆောင် ဖြစ်သူဆီသို့သာ မျက်ဝန်းများကို ပို့ဆောင်မိလေ၏ သို့သော် ထိုခေါင်းဆောင်ဖြစ်သူက သူမ မျှော်လင့်ထားသည့်အတိုင်း တပ်မှူးလေး စက္က မဟုတ်လေပဲ တပ်မှူးငယ်လေး ဗာလ ဖြစ်လို့နေလေသည်။

တပ်မှူးငယ်လေး ဗာလက စစ်သည်များကို လေ့ကျင့်သင်ကြားပေးနေရာမှ သူမကို မြင်သွားခဲ့လေတော့ သူမ ရပ်နေရာနားသို့ ကပျာကယာ ပြေးလာကာ အရိုသေပြု၍ မေးလာသည်။

မင်းသမီး ရောက်ရှိနေတာ ကြာပါပြီလား..."

ခုနလေးတင်ကမှပါကွယ်..."

ဘာအကြောင်းကိစ္စများ ရှိလို့ပါလဲ မင်းသမီး..."

တပ်မှူးလေး စက္ကကို တွေ့ဆုံချင်လို့ပါကွယ် ...ဒါနဲ့ သူ့ကို မတွေ့မိပါလား...ဘယ်မှာများ လေ့ကျင့်နေတာလဲ..."

သူမရဲ့ အမေးကြောင့် ဗာလရဲ့မျက်နှာက ညိုးလျသွားလေသည်။ ပြီး သက်ပြင်းသဲ့သဲ့ကို ချလိုက်လေတော့ကာ...ပြန်လည်ဖြေကြားလာလေသည်။

တပ်မှူးစက္က စစ်ရေး လေ့ကျင့်ကွင်းဆီ မလာတာ ကြာနေပြီ မင်းသမီး...တပ်မှူးတွေ တက်ရောက်ရမဲ့ ညီလာခံသဘင်ကိုတောင် လာမတက်ဘူး အဲ့ဒါကြောင့် ကျွန်တော်မျိုးကပဲ...သူ့အစား လောလောဆယ် တာဝန်ယူ ဦးဆောင်ပေးနေရပါတယ်..."

အမုန်းများဖြင့်‌ ကျိန်‌ဆိုခဲ့‌လေ‌သောWhere stories live. Discover now