အမုန်းများဖြင့်ကျိန်ဆိုခဲ့လေသော {အပိုင်း၂၀}
..............................................................................
အရှင်မင်းကြီး...မင်းသားမဟာအဂ္ဂ ရောက်ရှိလာခဲ့ကြောင်းပါ မင်းကြီး..."
စက်ရာတော်ထဲ လှဲလျောင်းရန် ပြင်နေရင်းမှ အပါးတော်မြဲကြီးရဲ့ လျောက်ထားသံကြောင့် မောဝိယမင်းကြီး ကပျာကသီ ထထိုင်လိုက်သည်...။
ထို့နောက် အပါးတော်မြဲကြီးကို ကြည့်လိုက်၍...
ဘယ်မှာတုန်း သားတော်...ချက်ချင်း ရှေ့တော်မှောက် ခေါ်သွင်းခဲ့စေကွယ့်..."
မှန်လှပါ မင်းကြီး..."
အပါးတော်မြဲကြီး ချက်ချင်း အိပ်ခန်းဆောင်ထဲက လှမ်းထွက်သွားလေတော့သည်။ သိပ်မကြာ ရှေ့တော်မှောက်သို့ သားတော် မဟာအဂ္ဂ ရောက်ရှိလာခဲ့၏။
ဂါရဝပြုပါတယ် ခမ္မည်းတော်..."
ဦးညွှတ်၍ အရိုသေပြုလေတော့ မင်းကြီး ခေါင်းညိတ်လိုက်လေပြီး...။
အေး အေး သားတော် ဒီအချိန်ကြီး အိပ်ခန်းဆောင် ရောက်ရှိလာခဲ့တာ ဘာအရေးကြီးကိစ္စ လျောက်တင်ရနိ ရှိလို့များလဲကွယ့်..."
မှန်လှပါ ခမ္မည်းတော် ...ပုန်ကန်ထကြွနေတဲ့ စောယက္ခတို့ စခန်းတည်နေရာကို သိရှိခဲ့ပြီ ဖြစ်ကြောင်းကို လျောက်တင်ပါတယ် ခမ္မည်းတော်..."
ဘာ ...ဘာရယ်...စောယက္ခတို့ စခန်းတည်ရာကို သိခဲ့ပြီ ဟုတ်သလား သားတော်..."
မှန်လှပါ ခမ္မည်းတော် သားတော် အတိကျ သိရှိခဲ့ရပါပြီ ...ဒါကြောင့်မို့ စောယက္ခနဲ့အဖွဲ့ကို နှိမ်နင်းဖြိုခွဲရန် အခုပဲ စစ်ချီခွင့်ကို ပြုပါ ခမ္မည်းတော်..."
နေ...နေပါအုံး သားတော်ရယ် ခမ္မည်းတော် ခေါင်းအေးအေးထား စဉ်းစားပါရစေအုံး...ဒါနဲ့ သားတော် ခမ္မည်းတော် မေးပါရပါစေဦး...သူပုန်ဓါးမြခေါင်းဆောင် စောယက္ခရဲ့ တည်ရှိရာကို သားတော် ဘယ်လိုများ သိရှိခဲ့သလဲကွယ့်...လျောက်ပါအုံး သားတော်."
မှန်လှပါ ခမ္မည်းတော်...စောယက္ခတို့ အဖွဲ့နဲ့အဆက်သွယ်ရှိတယ်လို့ ကြားသိထားရတဲ့ မဇျ္ဇိမ ရွှာသားတစ်ဦးကို သားတော် ဒီမနက်ပဲ ဖမ်းဆီးခိုင်းခဲ့ပြီး စစ်ဆေးခဲ့ပါ်တယ်...အဲ့ဒီရွှာသားက စောယက္ခတို့ စခန်းတည်နေရာထိကို မောဝိယမြို့တော်က စားနပ်ရိက္ခာတွေ ဝယ်ခြမ်းပြီး ပို့ဆောင်ပေးနေတဲ့သူပါ ...သားတော် အဲ့ဒီ ရွှာသားကတစ်ဆင့် စခန်းတည်နေရာကို သိရှိခဲ့ရကြောာင်းပါ ခမ္မည်းတော်..."
YOU ARE READING
အမုန်းများဖြင့် ကျိန်ဆိုခဲ့လေသော
Tarihi Kurguမြန်မာနန်းတွင်းဇတ်လမ်း Author တမာဝိုင်