{အပိုင်း၂၄}

8 0 0
                                    

အမုန်းများဖြင့်ကျိန်ဆိုခဲ့လေသော {အပိုင်း၂၄}

..............................................................................

ဟင်...အရှင့်...အရှင့်သား..."

ထိတ်လန့်တုန်လှုပ်နေတဲ့ မျက်ဝန်းများနဲ့မော့ကြည့်ကာ သူမဆီက ကတုန်ကယင်ခေါ်သံလေး ထွက်လာလေတော့ မဟာအဂ္ဂ ခေါင်းဆက်ကနဲ ညိတ်လိုက်သည်...။ပြီးနံရံမှာ ကပ်နေတဲ့ သူမကို ပုခုံးနှစ်ဖက်ကနေ ဖိထိန်းထားလိုက်ပြီး...။

မှန်တယ် မိန်းကလေး ကိုယ်တော်က ...မောဝိယတိုင်းပြည်ရဲ့ သက်ဦးဆံပိုင် အိမ်ရှေ့စံတစ်ပါးပဲ...ပြီးတော့ အရာအားလုံးကို ပိုင်စိုးတဲ့သူဖြစ်သလို မိန်းကလေးကိုလည်းပိုင်စိုးနိုင်လေတဲ့သူလည်း ဖြစ်တယ်"

အိမ်ရှေ့စံတစ်ပါးအဖြစ် သူမရှေ့ ဖွင့်ဟဝန်ခံလိုက်လေပြီးနောက်...ထိတ်လန့်တုန်လှုပ်နေတဲ့ မျက်ဝန်းဝိုင်းလေးတွေအား ထွင်းဖောက်မတတ် သူ စိုက်ကြည့်မိလေသည်...။မှိန်ဖျော့ဖျော့ ဖြာကျနေတဲ့ လရောင်အောက်မှာပင် ဖြူနုစွာ လှပလွန်းတဲ့ သူမ၏ မျက်နှာက ပန်းပုဆရာတစ်ယောက်၏ အတော်ဆုံးလက်ရာအလား...ပြေပြစ်သေသပ်လွန်းလေကာ သူ့စိတ် သူ့နှလုံးကို လှုပ်ခတ်မြန်ဆန်လာစေခဲ့လေ၏...။

ဒီမိန်းကလေး .ဒီမျက်နှာ စတွေ့တဲ့ နေ့တည်းက သူလုံးဝ မေ့လို့မရနိုင်ခဲ့ သူမက သူ့အာရုံကို အချိန်တိုင်းစိုးမိုးထားခဲ့သည်...။ထို့ကြောင့်လည်း ပွဲတော်မှာ သူမကို မင်းသမီးစူဋ္ဌကလျာ၏ အပိျုတော်အဖြစ် သိရှိလိုက်ရသည်နှင့် သူမတီးခတ်နေလေသော တေးသွားမဆုံးခင်မှာပင် သူထထွက်လာခဲ့ကာ ဒီနေရာမှာ လာစောင့်နေမိခဲ့လေ၏ ။ အကြောင်းရင်းက သူမက သက္ကရဓမ္မီသူ ဖြစ်သည်မို့ ပွဲတော်မှာ ကြာကြာရှိနေမည်မဟုတ်မှန်းကို သူရိပ်မိနေခဲ့သောကြောင့်ပင်...။

မှိန်ဖျော့ဖျော့ လရောင်အောက် လှပပြေပြစ်တဲ့ သူမ၏မျက်နှာအား လှုပ်ခတ်နေတဲ့ စိတ်အစဉ်နှင့် သူငေးစိုက်လို့ကြည့်နေမိလေတော့ သူမဆီက တုန်ယင်စွာ မေးသံက ထွက်ပေါ်လာလေသည်...။

အရှင့်သား...ဘာ...ဘာအတွက်ကြောင့် ခေါ်ဆောင်လာခဲ့ရတာပါလဲ အရှင့်သား..."

အမုန်းများဖြင့်‌ ကျိန်‌ဆိုခဲ့‌လေ‌သောWhere stories live. Discover now