အမုန်းများဖြင့်ကျိန်ဆိုခဲ့လေသော {အပိုင်း၁၄}
..............................................................................
ဘာ..."
ကောင်လေးစကားကြောင့် အိမ်ခြေမဲ့ လူရမ်းကားခေါင်းဆောင် ဘာကနဲ အော်လိုက်ပြီး ကောင်လေးကို စူးစူးဝါးဝါး ကြည့်သည်။ ထို့နောက်...။
ကောင်လေး မင်းက ကိုယ်နဲ့ မဆိုင်တဲ့ ကိစ္စကိုလည်း ဝင်ပါသေးတယ်...ကြီးကြီးကျယ်ကျယ်တွေလည်းးးပြောလို့ပါလားးးးအေးးးမဆိုင်တာ ဝင်ရှုပ်ရင် ဘယ်လို ဖြစ်တတ်တယ်ဆိုတာ သိအောင်ပြပေးရတာပေါ့...ကဲ ညီနောင်တို့ ဒီကောင်လေးကို ဝိုင်းတိုက်ကြ တိုက်."
ခေါင်းဆောင် ဖြစ်သူ အော်လိုက်ပြီး မြက်ခမောက်ဆောင်းထားသည့် ကောင်လေးဆီ ပြေးဝင်သွားသည်။ နောက်က နောက်လိုက် လူရမ်းကားတွေပါ ပြေးဝင်ကာ တိုက်ခိုက်လေတော့၏။
ယားးးး
ခွပ်...ခွပ်...အားးးးး
ဖြောင်းးးးအားးး
ဘုန်းးးဘုန်းး
တခွပ်ခွပ် တဖြောင်းဖြောင်း နှင့် ထိခတ်သံတွေ ထွက်လာပြီးနောက် အိမ်ခြေမဲ့တွေ တစ်ယောက်ပြီး တစ်ယောက် နာကျင်စွာ အော်ဟစ်ရင်း တဘုန်းဘုန်းလဲပြိုကုန်လေ၏။
မြက်ခမောက်နှင့် ကောင်လေး၏ လှုပ်ရှားမှု့က အရိပ်လို လှစ်ကနဲ လှစ်ကနဲ မြန်ဆန်လွန်းလှသည်။ ကောင်လေးသည် ဓါးကို ဓါးအိမ်ထဲက လုံးဝမထုတ် ဒီတိုင်းဓါးနှောင့်နှင့် ထောင်း၍တဖုံ ခြေဖြင့်ကန်၍ တသွယ်နှင့် လျှင်မြန်လွန်းစွာ ဖြင့်သာ တိုက်ခိုက်သည်မှာ လူရမ်းကားတွေ အတုန်း အရုန်း ဖြစ်ကုန်ရလေ၏။
လူရမ်းကားခေါင်းဆောင်သည်လည်း သူ့လူတွေ အတုန်းအရုန်းတွေ ဖြစ်ကုန်တာကို ကြည့်ပြီး ထိတ်လန့်လာရသည်။
ဒီကောင်လေး ဘာလဲ ဘာလို့ ဒီလောက် တိုက်ရည်ခိုက်ရည်ရှိနေရတာလဲ...။
ထိုသို့ တွေးရင်း တိုက်ခိုက်နေရင်းမှပင် ဇောချွေးတွေ ပျံလာခဲ့လေသည်။
ကျားးး"
မြက်ခမောက်နဲ့ကောင်လေးဆီ ဒေါသနှင့် ညာသံပေး၍ အတင်းပြေးဝင် ကန်လေတော့ ကောင်လေးက ကိုယ်ကို တိမ်းလို့ရှောင်လိုက်ရင်းးးကျွံဝင်လာသည့်ခြေထောက်ကို ဖမ်းဆုပ်ကိုင်လိုက်ပြီး ဓါးရိုးနှင့် ထောင်းထုပစ်လိုက်သည်။
YOU ARE READING
အမုန်းများဖြင့် ကျိန်ဆိုခဲ့လေသော
Historical Fictionမြန်မာနန်းတွင်းဇတ်လမ်း Author တမာဝိုင်