{အပိုင္း၃၈}

3 0 0
                                    

အမုန်းများဖြင့် ကျိန်ဆိုခဲ့လေသော {အပိုင်း၃၈}

..............................................................................

မိဖုရားခေါင်ကြီးထိပ်ထားဒေဝီနှင့် မိဖုရားသက်ထားကေသရီတို့၏ နန်းဆောင်မှ ထုတ်လွင့်လာလေသည့် သားတော်နှင့်ပက်သက်သော သတင်းက နန်းမုဒြာ၏ အနောက်နန်းဆောင်သို့တိုင် ပျံ့လွင့်လာခဲ့သည်။

ထိုသတင်းကြောင့် နန်းမုဒြာ အေးအေးသက်သာ နေထိုင်မရလေတော့ သားတော်၏ နန်းဆောင်သို့ ပြေးလာခဲ့ရသည် ။ နန်းဆောင်ကို ရောက်လေတော့ သားတော်က ရှိမနေပါချေ...။မင်းကြီး၏ ဆင့်ခေါ်မှု့ဖြင့် ရှေ့တော်မှောက် အခစားဝင်သွားကြောင်း သားတော်၏ အထိန်းတော်ဆီမှ ကြားသိရလေ၏။

သူမကြားထားရသည့်သတင်းအတိုင်း သားတော်ခေါ်ဆောင်ထားလေသည်ဆိုသော တပ်မှူးလေး စက္ကရာဇာ၏ မိန်းကလေးအား ခန်းဆောင်ထဲ ဝင်တွေ့မိလေတော့ လွန်စွာ အံ့အားသင့်ရပြန်လေ၏ ထိုမိန်းကလေးက သက္ကရဓမ္မီသူ ဖြစ်နေပြီး သူမကို တစ်ခါက မုန့်အချိုပွဲ လာရောက်ဆက်သခဲ့လေသည့် သုန္ဒရဝတီဆိုသော မိန်းကလေး ဖြစ်လို့နေလေသည်။

သူမက နန်းမုဒြာကို မြင်လေတော့ သားတော်မဟာအဂ္ဂ၏ မယ်တော်မှန်းသိရှိသွားခဲ့ကာ ငိုလျှက်မှ အကူညီတောင်းခံလာခဲ့သည်။ သူမအား သားတော်၏ နန်းဆောင်မှ ပြန်လည် ထွက်ခွာသွားနိုင်ခွင့်ကို ပေးအပ်ရန်အတွက်ပဲ ဖြစ်လေ၏။

ထို့အတွက်ကြောင့် ဒီမိန်းကလေးသည် သားတော်အား နှစ်သက်ကြည်ဖြူခြင်း အလျှင်းမရှိတာ နန်းမုဒြာ သိရှိခဲ့ရသလို တပ်မှူးလေး စက္ကရာဇာ မင်းကြီးထံ တောင်းဆိုထားသော မိန်းကလေး ဖြစ်နေသည်ဆိုသော အချက်ကလည်း နန်းမုဒြာကို လွန်စွာ စိတ်မသက်မသာ ဖြစ်ရလေသည်။ သားတော်နှင့် တပ်မှူးလေး စက္ကရာဇာတို့၏ ဆက်ဆံရေးက ညီရင်းအကိုပမာ ချစ်ကြည်ရင်းနှီးတာ သူမ အသိပင်...။

အကယ်၍ ဒီမိန်းကလေးနှင့်ပက်သက်၍ သားတော်နှင့် တပ်မှူးလေးတို့ကြားမှာ တင်းမာတဲ့ ဆက်ဆံရေး ပေါ်ပေါက်လာခဲ့လျှင် အခက်တွေ့ရပေလိမ့်မည် ထိုအဖြစ်ကို နန်းမုဒြာ မလိုလားပေ...။ ရွှေနန်းတော်လို အာဏာအတွက် နေရာအတွက် တိုက်ခိုက်ယှဉ်ပြိုင်နေရသည့်နေရာမျိုးမှာ တပ်မှူးလေးစက္ကလို သစ္စာရှိတဲ့ လူရင်း လူယုံတစ်ယောက်ကို မိန်းကလေးတစ်ယောက်နဲ့ ပက်သက်ပြီး သားတော် ဆုံးရှုံးခဲ့ပါလျှင် သားတော်သာ နစ်နာရပေလိမ့်မည် ဖြစ်သည်။

အမုန်းများဖြင့်‌ ကျိန်‌ဆိုခဲ့‌လေ‌သောWhere stories live. Discover now