အမုန်းများဖြင့် ကျိန်ဆိုခဲ့လေသော{ အပိုင်း၁၆}
..............................................................................
တောက်..."
သူက ဘာမို့လို့လဲ မယ်တော် မဟာအဂ္ဂက ဘာမို့လို့ မယ်တော် ဒီလောက်ကြောက်ရွှံ့နေရတာလဲ...မယ်တော်နဲ့ သားတော်ကို အငြိုးထား တုန့်ပြန်မှာ မယ်တော်ကြောက်နေရလောက်အောင် မဟာအဂ္ဂက အဲ့လောက်ထိ စွမ်းနိုင်တဲ့သူမို့လို့လားး"
မချိတင်ကဲ ဒေါသများနှင့် မိခင်နည်းတူ မဟာဒီပါ ပေါက်ကွဲလေတော့ မယ်တော် ထိပ်ထားဒေဝီ၏ အထင်မြင်သေးသော အကြည့်တွေက သူ့ထံသို့ စူးကနဲ ရောက်လာသည်။
မဟာအဂ္ဂက ဘာမို့လို့ အဲ့လောက်ကြောက်နေရသလဲ ဟုတ်သလား သားတော်...အေး သားတော်က မေးတော့လည်း မယ်တော် ဖြေရတာပေါ့ မယ်တော် မဟာအဂ္ဂကို ဘာကြောင့် ကြောက်ရတယ်ဆိုတာကို ..."
တကယ်တော့ မဟာအဂ္ဂက ဘုရင်ဖြစ့်မယ့် နက္ခနဲ့ ယှဉ်ပြီးမွေးဖွားလာခဲ့တဲ့သူပဲ သားတော်...သူ့ကို နန်းမုဒြာ မွေးဖွားပြီးစမှပဲ သူ့ရဲ့ ဇာတာနဲ့ နက္ခကို ပုဏ္ဍားတော်ကြီးတွေနဲ့ ပုရောဟိတ်ကြီးတို့တွေက တွက်ချက်ပြီး ဟောကိန်းထုတ်ခဲ့ကြတယ် မဟာအဂ္ဂ ဆိုတဲ့ ဒီကလေးဟာ ဘုရင်ဖြစ်မယ့် နက္ခနဲ့ ယှဉ်လာခဲ့သူမို့ မောဝိယရဲ့ နောက် မင်းဆက်တစ်ပါး ဧကန် ဖြစ်လာမှာ မလွဲဘူးတဲ့လေ အဲ့ဒါကြောင့် မယ်တော် သူ့ကို ကြောက်နေမိခဲ့တာ သားတော် မယ်တော်ကြောက်ရတဲ့ အကြောင်းရင်းက အဲ့ဒါကြောင့်ပဲ အခု ရှင်းပြီလားး"
မယ်တော်က အဲ့ဒီ ဇာတာတွေ နက္ခတွေကို ယုံကြည်တယ်တဲ့လား သားတော်ကတော့ လုံးဝအယုံကြည်မရှိဘူး မယ်တော်...
မယုံလို့ ရသလား သားတော်...အခု ဒီဟောကိန်းတွေက သွေးထွက်အောင် မှန်လာခဲ့လေပြီပဲ မဟုတ်ဘူးလားးအဲ့ဒီလို နက္ခကိုကြည့်ပြီး ဘုရင်ဖြစ်မယ့်သူလို့ ကြိုတင် ဟောကိန်း ထုတ်ခဲ့လို့ သားတော်အတွက် ထီးနန်းကို ကာကွယ်ပေးလိုတဲ့စိတ်နဲ့ မယ်တော်က မိဖုရား နန်းမုဒြာကို နန်းချခံရသည်အထိ ချောက်ချ စီစဉ်ခဲ့ရတာ..."
အဲ့အချိန်က မယ်တော့်ရဲ့ စီစဉ်မှု့နဲ့ နန်းမုဒြာ အမှန်တကယ်လည်း နန်းချခံခဲ့ရတယ် မင်းကြီးရဲ့ အမျက်တော်ရှမှု့နဲ့ အပြစ်ပေးခြင်းကို ခံရပြီး နန်းမုဒြာ အနောက်နန်းဆောင်မှာ မင်းကြီးရဲ့ အပယ်ခံ မိဖုရားအဖြစ်နဲ့ ဘယ်လိုမှ မထူထောင်နိုင်တော့လောက်အောင်ကို မယ်တော် ထိန်းချုပ်ဖိနင်းထားခဲ့တာ မဟာအဂ္ဂဆိုတာလည်း မင်းကြီးရဲ့ အပယ်ခံသားအဖြစ်နဲ့ ဘာအခွင့်ရေးမှ မရရှိခဲ့တဲ့အဖြစ်နဲ့ နေလာခဲ့ရတာ ...ဒါပေမယ့် အခုတော့ အခြေနေတွေက အားလုံး ပြောင်းလဲသွားခဲ့ပြီ..."
YOU ARE READING
အမုန်းများဖြင့် ကျိန်ဆိုခဲ့လေသော
Historical Fictionမြန်မာနန်းတွင်းဇတ်လမ်း Author တမာဝိုင်