{အပိုင္း ၃၇}

2 0 0
                                    

အမုန်းများဖြင့် ကျိန်ဆိုခဲ့လေသော {အပိုင်း ၃၇}

........................................................................

မင်းသား မဟာအဂ္ဂ အခစား ဝင်ရောက်လာကြောင်းပါ အရှင်မင်းကြီး ..."

ခန်းဆောင်အပြင်ဘက်မှ မင်းမှု့ထမ်းတစ်ဦး၏ လျောက်တင်သံအဆုံးမှာ မောဝိယမင်းကြီး ဖတ်လက်စ ကျမ်းစာအုပ်ကို စားပွဲထက် ချထားလိုက်လေ၍ ဝင်ပေါက်ကို လှမ်းကြည့်လိုက်လေသည်။ထို့နောက်...။

ဝင်လာခိုင်းလိုက်ပါ..."

မင်းကြီး၏ ခွင့်ပြုချက်ရသည်နှင့် ခန်းဆောင်တံခါးဝတွင် ရှိသော ခန်းဆီးစသည် တစ်ချက်ဝှေ့ယမ်းသွားလေပြီး မင်းသား မဟာအဂ္ဂသည် ခန်းဆောင်ထဲသို့ ဝင်ရောက်လာလေသည်။

မင်းကြီးက သားတော်ဖြစ်သူမဟာအဂ္ဂကို တစ်ချက် လှမ်းကြည့်လိုက်လေ၍ သူ၏ စားပွဲရှေ့က မျက်နှာချင်းဆိုင်ခုံကို ညွှန်ပြလိုက်လေကာ ...။

ထိုင်ပါ သားတော် ...ခမ္မည်းတော် သားတော်ကို မေးမြန်းစရာတွေ ရှိလို့နေလေတယ် ..."

အမိန့်ရှိပါ ခမ္မည်းတော်..."

မဟာအဂ္ဂ ပြန်လည် လျောက်တင်လိုက်လေ၍ မင်းကြီးရှေ့ မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ မင်းကြီးက မဟာအဂ္ဂ၏ မျက်နှာထက် စေ့စေ့ကြည့်လို့လာလေ၍...။

သားတော် ...မနက်ခင်းအစောပိုင်းက တပ်မှူးစက္ကရာဇာ လာရောက်လျောက်တင်သွားခဲ့တယ် သူ၏ မိန်းကလေးက သားတော်အဆောင်မှာ ရောက်ရှိနေခဲ့တယ်တဲ့ ...အဲဒီအမှု့ကို သားတော် အမှန်တကယ် လုပ်ဆောင်ခြင်း ရှိခဲ့လေပါသလား ခမ္မည်းတော်ကို အမှန်တိုင်း ဖြေပါ သားတော်..."

မှန်ပါတယ် ခမ္မည်းတော်... စက္က လျောက်တင်တဲ့ ထိုအမှု့ကို သားတော် အမှန်တကယ် လုပ်ဆောင်ခဲ့ပါတယ်..."

သူ၏အမေးကို တည်ငြိမ်အေးဆေးလွန်းစွာဖြင့် မဆိုင်းမတွပြန်ဖြေလေသည့် မဟာအဂ္ဂကို ကြည့်ကာ မောဝိယမင်းကြီး အံ့သြတကြီး ဖြစ်သွားရလေကာ ဘာမှ ဆက်မမေးနိုင်လောက်သည်အထိ တိတ်ဆိတ်သွားခဲ့ရလေသည်။ အတော်လေးကြာကာမှ...

ဘယ်လိုတောင် ရဲတင်းနိုင်ရတာပါလဲ သားတော်...အဲ့ဒီ မိန်းကလေးက ...ခမ္မည်းတော် တပ်မှူးစက္ကရာဇာကို အပ်နှင်းထားခဲ့ပြီးလေတာ သားတော်လည်း သိနေပါရဲ့ မဟုတ်ဘူးလား...သားတော်ရဲ့ လုပ်ရပ်က ခမ္မည်းတော်ကို ကတိပျက်ကွက်ရာရောက်စေတာမို့ လွန်စွာ အရှက်ရစေတယ် သားတော်...ဒါကြောင့် အဲ့ဒီ မိန်းကလေးကို တပ်မှူးစက္ကရာဇာဆီ ပြန်လည် အပ်နှင်းလိုက်ချေတော့."

အမုန်းများဖြင့်‌ ကျိန်‌ဆိုခဲ့‌လေ‌သောWhere stories live. Discover now