{အပိုင္း၉}

4 0 0
                                    

အမုန်းများဖြင့်ကျိန်ဆိုခဲ့လေသော {အပိုင်း၉}

..............................................................................

သုဒေါဓတောင်ကုန်းထက် နေကွယ်ကာ အမှောင်ဝင်လာသည်နှင့်အမျှ ချမ်းအေးမှု့ဒဏ်ကလည်း ပိုကဲ၍ လာသည်။ ထို့အတူ ဆောင်းလေ၏ တိုက်ခတ်မှုကလည်း တသောသော တိုးဝှေ့နိုင်လွန်း၏။

ထိုသုဒေါဓတောင်ကုန်းထက်မှာတော့ မောဝိယတိုင်းပြည်သို့ ပြန်လာကြလေသော စစ်သည်တို့ ရောက်ရှိလို့နေကြကာ ညဘက်မို့ ခရီးတစ်ထောက်နားနိုင်ရန် ယာယီတဲများ ထိုးသူများထိုး ...ကင်းစောင့်သူစောင့်...ချမ်းအေးမှူ့ဒဏ်ကာကွယ်ရန်ထင်းမီးရှို့သူရှို့နဲ့ ကိုယ်စီတာဝန်များနဲ့ရှုပ်ထွေးလို့နေလေသည်။

ထိုစဉ်မှာပဲ တပ်မှူးဗာလ၏ အသံက ထွက်ပေါ်လာလေ၏။

ဟေ့ ယာယီတဲထိုးသူတွေ မြန်မြန်ထိုးကြဟေ့...မှောင်တာနဲ့အမျှ အေးလာပြီ...ရဲမက်တွေ အနားယူဖို့လိုတယ်..."

ဟုတ်ကဲ့တပ်မှူး..."

ကင်းစောင့်သူတွေလည်း မပေါ့ဆကြနဲ့ "

တပ်မှူးဗာလ ပါးစပ်က မနားတမ်း အမိန့်ပေးခိုင်းစေနေပြီး သူကိုယ်တိုင်လည်း ရဲမက်တွေရဲ့ လုပ်ဆောင်မှု့ကို စေ့စေ့လိုက်ကြည့်သည်။ပြီးလေတော့ ရဲမက်တစ်ဦးကိုမေးလိုက်သည် ...။

ဟေ့ သက္ကရဓမ္မီက ခေါ်လာတဲ့ မိန်းကလေးတွေ ဘယ်မှာ သွားထားထားလဲ..."

ထိုးထားပြီးသား တဲတစ်လုံးမှာ အကုန်စုပြုံပြီး ပို့ထားတဲ့ တပ်မှူး..."

အေး သေချာလည်း စောင့်ကြည့်ထားအုံး ထွက်ပြေးကြလို့ ညရေးညတာ လိုက်ရှာနေရရင် အလုပ်ရှုပ်တယ်..."

ဟုတ်ကဲ့ပါ တပ်မှူးး"

ထို့နောက်မှာတော့ တပ်မှူးဗာလ ရဲမက်တွေ အနားယူနိုင်ရန် တာလပတ်များဖြင့် တည်ထားပြီးသော ယာယီတဲနန်းများကို လိုက်လံကြည့်ရှု၍ ကင်းစောင့်ရဲမက်တွေများအား မင်းကြီးအတွက် ဆက်သလိုက်တဲ့ ဘဏ္ဍာတွေကို သေချာစောင့်ကြည့်ရန် အမိန့်လိုက်လံပေးနေ၏။

ထိုးပြီးသား ယာယီတဲနန်းတစ်ခုထဲမှာတော့ သက္ကရဓမ္မီက ခေါ်ဆောင်လာခဲ့တဲ့ သုန္ဒရဝတီနှင့်တကွ သခင်မလေးများ အားလုံး စုရုံးလို့ ရှိနေကြလေသည်။ မြက်ခြောက်တွေ အပြည့်ခင်းထားတဲ့ ယာယီတဲနန်းထဲ စုရုန်းထိုင်ကြရင်းးးမျက်နှာများက ညိုးလျော့ နွမ်းလျှစွာ...။

အမုန်းများဖြင့်‌ ကျိန်‌ဆိုခဲ့‌လေ‌သောWhere stories live. Discover now