အမုန်းများဖြင့် ကျိန်ဆိုခဲ့လေသော {အပိုင်း၂၇}
.................................................................................
တောင်း...တောင်းပန်ပါတယ် အရှင့်သား ဒီလိုမလုပ်ပါနဲ့ ဟင့်အင်း..."
ခေါင်းခါကာ ငြင်းဆန်ရင်း ဝတီ ရင်ဘတ်ကိုလက်နဲ့ကာလေကာ အိပ်ယာထက်က ဆင်းပြေးရန်ပြင်လေသည်...။
သို့သော် အရှင့်သား၏ လက်တို့သည် သန်မာလွန်းစွာဖြင့် ဝတီ၏ ကိုယ်လေးအား ချုပ်နှောင်မှု့တို့ ပြုလေကာ အိပ်ယာထက်သို့ လှဲချလိုက်လေသည်မို့ ဝတီ ပက်လက် လဲကျသွားခဲ့ရလေသည် ။...ထို့နောက်မှာတော့ အရှင့်သားသည် သူမ၏ ကိုယ်ထက်သို့ အုပ်မိုးလို့လာလေကာ ...။
အို ဟင့်အင်း အရှင့်သား ဝတီ လက်မခံနိုင်ပါဘူး ...ဒီ ဒီလိုမလုပ်ပါနဲ့ ဟင့်အင်းး"
ခါးသီးစွာ ငြင်းဆန်ရင်း မျက်နှာထက် ကျရောက်လာသည့်အနမ်းများကို ခေါင်းစောင်း၍ တိမ်းရှောင်လေတော့ အရှင့်သား၏ လက်တို့သည် ဝတီ၏ လက်တစ်ဖက် တစ်ချက်စီမှ ချုပ်နှောင်လို့ လာလေ၍ လိုရာ ခရီးဆက်ဖို့ ပြင်လေသည်.။
တောင်း တောင်းပန်ပါတယ် ဒီလိုမလုပ်ပါနဲ့ အရှင့်သား ဝတီ့ကို ဒီလို မပြုမူပါနဲ့ ဖယ်ပါ ..."
အလူးလဲ တောင်းပန်ကာ ကြုံးထနိုင်ဖို့ ရုန်းကန်နေသည့် သူမအား မလှုပ်နိုင်လောက်သည်အထိ ကိုယ်နှင့်ဖိ၍ ထိန်းထားလိုက်လေကာ ယစ်မူးသော စိတ်အစဉ်နှင့်အတူ ခံစားချက်တွေ ဆွဲခေါ်ရာအတိုင်းသာ မဟာအဂ္ဂ စိတ်ရှိသလို စီးမျောနေမိသည်.။
လှပတဲ့ မျက်နှာထက် တပ်မက်စွာ နမ်းရှိုက်နေမိတော့ သူ၏ နှလုံးခုန်သံတို့သည် အဆမတန် ပိုမို၍ မြန်ဆန်လာခဲ့ရလေကာ အဆုံးမရှိနိုင်သည့် မက်မောခြင်းတွေက သူမ၏ တစ်ဘဝလုံးကို သိမ်းပိုက်ရယူနိုင်ဖို့ကိုသာ စေညွှန်းလို့နေလေသည်...။
နူးညံ့စွာ စည်းရုံးခဲ့ပြီးသော်လည်း ခါးသီးစွာ ငြင်းဆန်လေသည့် သူမကြောင့် နုမရလျှင် ကြမ်းဖို့သာ တွင်တွင် ဆုံးဖြတ်မိလေရင်း သူမ မျက်နှာထက် ယစ်မူးနေမိသော အနမ်းများကို လည်တိုင်နုနုထက်သို့ ဦးတည်ပစ်လိုက်သည်!.ထိုအခိုက်...။
YOU ARE READING
အမုန်းများဖြင့် ကျိန်ဆိုခဲ့လေသော
Historical Fictionမြန်မာနန်းတွင်းဇတ်လမ်း Author တမာဝိုင်