Unicode
[T/N-ချိုင်းကို 'ဂ' အသံမထွက်ပါနဲ့၊ 'ခ' အသံပဲထွက်ပါရှန့်။]
"ဗရော်နီကာချိုင်း?။" ဒန်နီရယ်ကအံ့ဩကာမေးတယ်။ဒီအမျိုးသမီးက နိုင်ငံရဲ့အမျိုးသမီးရုပ်ရှင်စတားတွေထဲက တစ်ယောက်ပဲ။ရုပ်ရှင်ဇာတ်ကားတော်တော်များများမှာ အမျိုးသမီးဇာတ်ဆောင်အဖြစ်ပါဝင်ပြီး ကမ္ဘာ့အလှပဆုံးအမျိုးသမီးစံချိိန်မှာ အဆင့်၁၀အဖြစ် ၃နှစ်ဇာတ်တိုက် ရပ်တည်နေတဲ့သူလည်းဖြစ်တယ်။
"ဟုတ်တယ်လေ၊မသိဘူးလား?။သူမက အကိုလတ်ဟန်လုရဲ့အိမ်မွေးတိရစ္ဆာန်တွေထဲက တစ်ယောက်လို့ပြောရမယ်။ဟမ်း...ငါ့ရဲ့အချက်အလက်တွေအရတော့ အကိုလတ်က ၁လကိုသူမတစ်ယောက်ထဲကိုပဲ ဒေါ်လာ၅သောင်းလောက်ပေးတယ်။သူမကတကယ့်ကို ထိန်းသိမ်းစရိတ်မြင့်လွန်းတယ်။" ထရန်းဇီက သူ့ဖုန်းမျက်နှာပြင်ပေါ်မှာ တတောက်တောက်နှိပ်ရင်း သာသာယာယာပြန်ဖြေတယ်။ထို့နောက် ဆိုးသွမ်းစွာ ဖုန်းမျက်နှာပြင်ကိုလှည့်ကာ ဒန်နီရယ့်အား နာမည်စာရင်းကိုပြလာတယ်။
"ရှောင်ဇီ၊ရပ်တော့!။ထမင်းစားစားပွဲမှာဘာဖုန်းမှမသုံးရဘူး!။" မစ္စစစ်လော်ရာမိုကသတိပေးတော့ ထရန်းဇီကတစ်ခုခုမဖြစ်ခင် သူ့ဖုန်းကိုသိမ်းကာ မြန်မြန်ဝှက်လိုက်တယ်။
တခြားတစ်ဖက်မှာ နာမည်အနည်းငယ်ကိုဖတ်မိလိုက်တဲ့ဒန်နီရယ်က ပြောစရာစကားပျောက်ရှသွားတယ်။အံ့ဩလွန်းလို့ သူ့ပါးစပ်ကဟပြီး ကျန်ခဲ့တယ်။မစ္စစစ်လော်ရာမိုနဲ့ အကြီးအကဲမိုက ဟန်လုရဲ့အနာဂတ်ကိုမျှော်တွေးကြည့်ပြီး နေ့လည်စာစားနေတာကို ရပ်လိုက်ကြတယ်။"အဲ့ဒါတရားဝင်ရောဟုတ်ရဲ့လား?။" ဒန်နီရယ်က သံသယဝင်ပြီးမေးတယ်။မောင်းမတွေအများကြီးရှိနေတဲ့ဟန်လုမှာ လေးစားစရာအချက်တွေရှိနေသေးတာ လုံးဝကိုမဖြစ်နိုင်ဘူး။
"ဟားဟား၊ မင်းမသိပါဘူး။" ထရန်းဇီက ဒန်နီရယ့်တုံ့ပြန်မှုကိုရယ်ကာ ပြန်ပြောတယ်။ဒါပေမဲ့ မိုလောင်ထရန်းရဲ့အငွေ့အသက်က သူတစ်ယောက်တည်းကိုဦးတည်ဖိနှိပ်လာတာခံစားမိတော့ ရယ်တာရပ်လိုက်ရတယ်။ကလေးထမင်းကျွေးရင်းအလုပ်ရှုပ်နေပေမဲ့ သူတို့စကားပြောတာကိုတစ်လျှောက်လုံးနားထောင်နေခဲ့တဲ့ လောင်ထရန်းကိုလှမ်းကြည့်လိုက်တယ်။
YOU ARE READING
ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]
ActionAll credits go to original writer @lesson101.I am just a translator of this novel. Story cover from google and it belongs to the artist. Book 1-Doted by the Alpha(ချစ်တတ်လွန်းသောအယ်လ်ဖာ) [total 80 parts] Book 2-My Husband is a Mafia Boss(ငါ့ယောကျာ်း...