Unicode
သိပ်မကြာခင်မှာပဲ ဟန်လုက မိုစံအိမ်ကိုရောက်လာပြီး သူ့ရဲ့သာမန်ဝင်ရောက်မှုမျိုးနဲ့မတူစွာ အိမ်ထဲတည့်တည့်မတ်မတ်ဝင်လာပြီး လောင်ထရန်း၊ဒန်နီရယ်နဲ့လွမ်မင်လေးကို ဧည့်ခန့်ထဲမှာတွေ့လိုက်ရတယ်။
ဟန်လုဝင်လာတာကို လောင်ထရန်းမြင်တာနဲ့ မတ်တပ်ထရပ်လိုက်တယ်။ဒန်နီရယ်လည်း မတ်တပ်ထရပ်ကာ ပုံမှန်မဟုတ်တဲ့ဟန်လုကို အကဲခတ်ရင်း တွန့်ဆုတ်စွာနှုတ်ဆက်လိုက်တယ်။
လောင်ထရန်းက ဟန်လုနားရောက်သွားတဲ့အခါ ဒန်နီရယ်ကြားလို့မမှီလိုက်တဲ့စကားကိုပြောတော့ ဟန်လုက ခေါင်းညိမ့်ပြတယ်။ဒန်နီရယ့်ကိုလည်း နှုတ်ဆက်တဲ့အနေနဲ့ ခေါင်းညိမ့်ပြဖို့မမေ့ဘဲ လောင်ထရန်း ခပ်တိုးတိုးပြောထားတဲ့ နေရာကိုထွက်သွားတယ်။
"ကိုယ် သူနဲ့သီးသန့်စကားပြောလိုက်ဦးမယ်။ချက်ချင်းပြန်လာခဲ့မယ်နော်။ဟုတ်ပြီလား?။" လောင်ထရန်းက စိုးရိမ်ပြီး ဇဝေဇဝါဖြစ်နေတဲ့ သူ့ဇနီးလေးကို ရှင်းပြလိုက်တယ်။ဒန်နီရယ်က သဘောတူတဲ့အနေနဲ့ ခေါင်းညိမ့်ပြလိုက်တော့ လောင်ထရန်းက ဟန်လုထွက်သွားတဲ့နောက်ကို လိုက်သွားတယ်။
လောင်ထရန်းတို့ ထွက်သွားပြီးတဲ့နောက်မှာ ဒန်နီရယ်က ဟန်လုရဲ့ထူးဆန်းတဲ့ပုံစံကိုမြင်ပြီးတော့ စိတ်မပူဘဲမနေနိုင်တော့ဘူး။သာမန်ဆို ဟန်လုက ပေါ့ပေါးပါးပါးနေတတ်တဲ့လူစားမျိုး။သူက လူတွေ အမြဲတမ်းရယ်မောနေရတဲ့ အကြောင်းအရင်းဖြစ်တယ်။အမြဲဖော်ရွေတယ်။ဒါပေမဲ့ အခုပုံစံက မူလဟန်လုက ပျောက်ကွယ်သွားသလိုပဲ။
ဒန်နီရယ်က အဲ့ဒီ့အကြောင်းဆက်စဉ်းစားနေတဲ့အချိန်မှာ လွမ်မင်လေးက အော်ငိုလာတယ်။
"အော်..မင်မင်လေးကလည်း ဦးဦးဟန်လုကိုစိတ်ပူနေတာလား..ဟုတ်လား?။" ဒန်နီရယ်က ချော့လိုက်ပြီး ကောင်ကလေးကို ဖက်ထားပေးလိုက်တယ်။ကျေးဇူးတင်စွာ ဒန်နီရယ်ချော့လိုက်တာနဲ့ လွမ်မင်လေးကချက်ချင်းအငိုရပ်သွားတယ်။
"ဦးဦးဟန်လုနဲ့ မင်မင်လေးကဆော့ချင်နေတာ ပါးပါးသိပါတယ်။ဒါပေမဲ့ ဦးဦးကအခုအလုပ်များနေတော့ ပါးပါးတို့စောင့်ရလိမ့်မယ်။အခုလောလောဆယ် ပါပါးက မင်မင်လေးနဲ့ကစားပေးမယ်..ဟုတ်ပြီလား?။" ဒန်နီရယ်ကချော့ပြောလိုက်ပြီး သူကဆိုဖာပေါ်မှာထိုင်ကာ ကောင်ကလေးကို သူ့ဒူးခေါင်းပေါ် မတ်တပ်ရပ်နိုင်ဖို့ ကူပေးလိုက်တယ်။လွမ်မင်လေးက လွယ်လွယ်ကူကူကျေနပ်သွားပြီး ပျော်ပျော်ရွှင်ရွှင်ထခုန်တော့ ဒန်နီရယ့်ပေါင်ပေါ် ဖင်ထိုင်လျက်လေး ပြန်ပြုတ်ကျသွားရော။
ВЫ ЧИТАЕТЕ
ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]
БоевикAll credits go to original writer @lesson101.I am just a translator of this novel. Story cover from google and it belongs to the artist. Book 1-Doted by the Alpha(ချစ်တတ်လွန်းသောအယ်လ်ဖာ) [total 80 parts] Book 2-My Husband is a Mafia Boss(ငါ့ယောကျာ်း...