Part 12-ဟန်လုရဲ့ကလေးပါ။

5.5K 805 21
                                    

Unicode

ရုတ်တရပ်ကြားလိုက်ရတဲ့ သတင်းကြောင့်အံ့အားသင့်သွားပြီး ရီမီလောင်းက လောင်ထရန်းကို သင့်တော်တဲ့အကြောင်းပြချက်ပေးဖို့ မေးခွန်းထုတ်လိုက်တယ်။တခြားတစ်ဖက်မှာတော့ ဗရော်နီကာရဲ့ခေါင်းထဲမှာ မိုလောင်ထရန်းရဲ့စကားတွေကို ပြတ်နေတဲ့ကက်ဆက်ခွေတစ်ခုလို ထပ်ခါထပ်ခါ ပြန်ကြားနေရတယ်။
သူမရဲ့ကျော်ကြားမှုသာ ဆုံးခန်းတိုင်သွားရင် ဖြစ်လာမဲ့သူမရဲ့အနာဂတ်ကို ချက်ချင်းတွေးလိုက်မိတယ်။

"မစ္စလောင်း..၊အရိုးရှင်းဆုံးပြောရမယ်ဆိုရင် ဒီကုမ္ပဏီရဲ့ဥက္ကဌတစ်ယောက်အနေနဲ့ ကျွန်တော် မစ္စလောင်းရဲ့အနုပညာရှင်ကိုဆက်ငှါးပြီး ကျွန်တော့်ရဲ့ပိုက်ဆံတွေကိုမဖြုန်းတီးချင်တော့ဘူး။" သူ့ရဲ့ဆုံးဖြတ်ချက်ကိုမေးခွန်းထုတ်ရဲတဲ့ အမျိုးသမီးကို စိုက်ကြည့်ပြီး ပြန်ဖြေပေးလိုက်တယ်။

အင်ပါယာတံဆိပ်ကိုကြော်ငြာဖို့ မျက်နှာတစ်ခုရှာဖို့လိုအပ်တယ်ဆိုရင် လောင်ထရန်းကတော့ ကြော်ငြာတွေအမျိုးစုံမှာ ထပ်ခါတလဲလဲမြင်နေရတဲ့ မျက်နှာမျိုးကို မရွေးချင်ဘူး။ဗရော်နီကာက အောင်မြင်ကျော်ကြားပေမဲ့ သူမရဲ့မျက်နှာက မြင်နေရတာ အရမ်းကိုပိုလျှံနေပြီ။ကုမ္ပဏီအတွက်မကောင်းဘူး။သူတို့ကုမ္ပဏီရဲ့အမှတ်တံဆိပ်ကလည်း တခြားသူတွေရဲ့ဟာနဲ့ ထူးမခြားနားဖြစ်သွားမှာပေါ့။ဥပမာ မရိုးသား မမှန်ကန်တာမျိုး။လူတွေသိပ်မသိတဲ့မျက်နှာမျိုးကိုပဲ လောင်ထရန်းကသုံးချင်တယ်။

"မစ္စတာမို..၊ကျွန်မပြောတာကိုတစ်ချက်လောက်နားထောင်ကြည့်ပါဦး။အရင်နှစ်တွေတစ်လျှောက် ကျွန်မရဲ့မင်းသမီးက မစ္စတာမိုရဲ့ကုမ္ပဏီအတွက် အကူအညီကောင်းတစ်ခုဖြစ်ခဲ့ပါတယ်။သူမကိုရုတ်တရပ်ဖယ်ပစ်လိုက်မယ်ဆိုရင် သူမရဲ့ပရိတ်သတ်တွေက ကြိုက်မှာမဟုတ်ဘူး။အဲ့ဒါက မစ္စတာမိုရဲ့ကုမ္ပဏီသတင်းကိုထိခိုက်စေနိုင်တယ်။" ရီမီလောင်းက အသည်းအသန်စည်းရုံးတယ်။ဒီအလုပ်ကိုသာ ဗရော်နီကာမရရင် သူမနောက်ကောက်ကျကျန်ခဲ့လိမ့်မယ်။ရီမီက အဲ့လိုမျိုးတော့အဖြစ်မခံနိုင်ဘူး။

"ကျွန်တော့်ရဲ့ဝန်ထမ်းတွေက ကုမ္ပဏီကိုကူညီခဲ့တာ...မစ္စလောင်းရဲ့အနုပညာရှင်က မဟုတ်ဘူး။ဒါကျွန်တော့်ရဲ့နောက်ဆုံး ဆုံးဖြတ်ချက်လို့ပဲသိထားပေးပါ။စာချုပ်အသစ်ဆိုတာ ရှိလာမှာမဟုတ်ဘူး။" လောင်ထရန်းကထပ်ပြောပြီး ဒီတစ်ခါတော့သူ့ရဲ့အငွေ့အသက်ကို ရီမီလောင်းဆီ တိုက်ရိုက်ထုတ်လွှတ်နေတော့ ဘီတာဖြစ်ပြီးဟော်မုန်းရဲ့ သက်ရောက်မှုကိုမခံရတဲ့ သူမတောင် ကြောက်ရွံ့တုန်ရီသွားတယ်။လောင်ထရန်းရဲ့အကြည့်တစ်ချက်က သူမစည်းကျွံမိသွားပြီဆိုတာ ကိုယ့်ဘာသာနားလည်ဖို့လုံလောက်ပြီး
စိတ်ပျက်ခြင်းက ရီမီရဲ့ဦးနှောက်ကိုဝါးမြိုသွားတယ်။မိုလောင်ထရန်းက တံခါးဝတောင်ရောက်သွားပြီဆိုတာ တွေ့လိုက်တော့ သူမ ဗရော်နီကာကို လှည့်ကြည့်လိုက်တဲ့အချိန်မှာ သူမမင်းသမီးကကြားဝင်ပြောဆိုလာတယ်။

ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]Where stories live. Discover now