Unicode
"သတိဝီရိယနဲ့နေ..ငါတို့ပြန်လို့မရသေးဘူး" လောင်ထရန်းက လွမ်မင်လေးကို ဘက်ပြောင်းချီလိုက်တယ်။
သေချာပေါက် သူတို့ပြန်လို့မရသေးဘူးလေ။သတင်းသမားတွေ အပြင်မှာစောင့်နေတယ်ဆိုရင်တောင် ဒန်နီရယ့် ပျော်ရွှင်မှုကို သူ မဖြတ်ပစ်နိုင်ဘူး။
အိုမီဂါလေးက ဒီနေ့ရောက်လာဖို့ စောင့်နေခဲ့ရတာ..လောင်ထရန်းက အဲ့ဒါကိုမဖျက်စီးနိုင်ဘူး။
"ဟုတ်ကဲ့ဆရာ..အဖွဲ့ဘီက အဆင်သင့်စောင့်နေပါတယ်"
ထိုလူကပြန်ပြောတော့ လောင်ထရန်းက ခေါင်းညိမ့်လိုက်ပြီး ထွက်သွားလို့ရပြီဖြစ်ကြောင့် လက်ခါပြလိုက်တယ်။လောင်ထရန်း ကိုယ်တိုင်းလည်း သတိနဲ့ရပ်နေလိုက်တယ်။
"ဒ-ဒယ်ဒယ်.."
ထိုလူထွက်သွားပြီးနောက် လွမ်မင်လေးက လှုပ်လှုပ်ရှားရှားဖြစ်လာပြီး သူ့လက်တုတ်တုတ်လေးကို ဆန့်ထုတ်ကာ တစ်နေရာကို ညွှန်ပြလာတယ်။
လောင်ထရန်းက အဲ့ဒါကို သတိထားမိသွားပြီး လွမ်မင်လေး ကြည့်နေတဲ့နေရာကို လှမ်းကြည့်လိုက်တော့ သူ့သားရဲ့အာရုံကိုဖမ်းစားသွားနိုင်တဲ့ အနီရောင်ဂါဝန်ရှည် ဝတ်ဆင်ထားတဲ့ အရပ်ရှည်ရှည်အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်တယ်။
ထိုအမျိုးသမီးရဲ့မျက်နှာပေါ်မှာ လောင်ထရန်း အကြည့်ကရပ်သွားတဲ့အခါ သူ့ရဲ့မျက်နှာအမူအရာက ပြောင်းလဲသွားတယ်။လွမ်မင်လေးကို ပွေ့ချီထားတဲ့လက်တွေကတင်းကြပ်သွားပြီး စိုးရိမ်တကြီး ဒန်နီရယ့်ဆီကိုာအကြည့်ပြောင်းလိုက်တယ်။
အိုမီဂါလေးက အရပ်ရှည်ရှည်ယောကျာ်းတစ်ယောက်နဲ့ရပ်ကာ ပန်းချီကားတစ်ချပ်ကိုအတူကြည့်ရင်း စကားပြောနေကြတယ်။
ဒန်နီရယ့်ကိုစကားပြောနေတဲ့ အမျိုးသားပိုမျက်လုံးမှေးကျဉ်းကာကြည့်ရင်း လောင်ထရန်းက သူတို့ဆီအမြန်သွားလိုက်တယ်။
ရန်သူက အနီးတဝိုက်မှာရှိနေနိုင်တဲ့အတွက် လောင်ထရန်းက သူ့ရဲ့လူတွေကို သတိနဲ့နေဖို့ အချက်ပြလိုက်တယ်။
VOCÊ ESTÁ LENDO
ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]
AçãoAll credits go to original writer @lesson101.I am just a translator of this novel. Story cover from google and it belongs to the artist. Book 1-Doted by the Alpha(ချစ်တတ်လွန်းသောအယ်လ်ဖာ) [total 80 parts] Book 2-My Husband is a Mafia Boss(ငါ့ယောကျာ်း...