Part 17-ဘာလို့ဟန်လုလဲ?!။

4.4K 668 13
                                    

Unicode

"လောင်ထရန်း..မင်းလာမယ်ဆိုတာအမေ့ကိုကြိုပြောသင့်တယ်!။ဒန်နီရယ်နဲ့ရှောင်မင်လေးအတွက် အမေတစ်ခုခုပြင်ဆင်ထားပေးလို့ရတာပေါ့။သားလေး..အဆင်ပြေရဲ့လား?။ဆရာဝန်က ခရီးသိပ်မသွားရဘူးလို့ပြောထားတယ်ဆို?။" မစ္စစစ်လော်ရာမိုက စိုးရိမ်ပြီး မေးရင်း ဒန်နီရယ့်ကို သူမနဲ့အတူဧည့်ခန့်မှာလာထိုင်ဖို့ နှိုးဆော်လိုက်တယ်။

"ကျွန်တော်အဆင်ပြေပါတယ် အမေ။ဒီနေရာကသိပ်မဝေးပါဘူး။ဒီလိုအချိန်မျိုးဆို မိသားစုအချင်းချင်းအတူတူစည်းစည်းလုံးလုံးနေသင့်တယ်လို့ ကျွန်တော်ထင်တယ်။ပြီးတော့ မင်မင်လေးကလည်း သူ့ဖိုးဖိုး၊ဖွားဖွားနဲ့ ကစားချင်နေတာ။" ဒန်နီရယ်က ပြုံးပြရင်း အဖွားလက်ပေါ်မှာပျော်နေတဲ့လွမ်မင်လေးကိုကြည့်ပြီးနောက် နောက်ဘက်မှာထိုင်နေတဲ့ဗရော်နီကာဆီကို အကြည့်ရောက်သွားတယ်။

"လာ..သားလေး..အမေသားကို ဗရော်နီကာနဲ့ မိတ်ဆက်ပေးမယ်။သူမနဲ့ဟန်လုကကလေးအတူမွေးကြမှာလေ။သားလည်း ဒီအကြောင်းကိုကြားပြီးရောပေါ့။" ဒန်နီရယ့်မျက်လုံးတွေက ဧည့်သည်မိန်းကလေးပေါ်ရောက်နေတာကို သတိထားမိပြီး မစ္စစစ်လော်ရာမိုက အကြံပေးရင်း ဒန်နီရယ်နဲ့လောင်ထရန်းကို ဧည့်ခန်းဆီခေါ်သွားတယ်။

"ဗရော်နီကာ..သမီး..အန်တီ့ရဲ့သားအကြီးဆုံးလောင်ထရန်းကိုတော့ သမီးသိပြီးသားဖြစ်မှာပါ..ပြီးတော့ဒါကသူ့အမျိုးသား ဒန်နီရယ်..ဒါကသူတို့နှစ်ယောက်ရဲ့သားလေး..ရှောင်မင်။" ဒန်နီရယ်က မိုချန်တုံးကိုပွေ့ဖက်နှုတ်ဆက်နေတဲ့အချိန်မှာ လော်ရာမိုကမိတ်ဆက်ပေးနေတယ်။

ဗရော်နီကာက မတ်တပ်ထရပ်တယ်။ခုနက သူမရဲ့အမူအရာကပျောက်ကွယ်သွားပြီး အဖော်ရွေဆုံးအပြုံးတစ်ခုကပေါ်လာတယ်။ဒန်နီရယ့်ကိုလက်ဆွဲနှုတ်ဆက်ဖို့ လက်ဆန့်ထုတ်ပေးတော့ ဒန်နီရယ်က သူ့လက်ပြန်ကမ်းပေးတော့မဲ့အချိန်မှာ လောင်ထရန်းကဒန်နီရယ်ရဲ့လက်ကိုဖမ်းဆုပ်လိုက်ပြီး သူ့လက်ချောင်းတွေနဲ့ယှက်ကာဆုပ်ကိုင်ထားလိုက်တော့ မင်းသမီးရဲ့လက်က လေထဲမှာတန်းလန်းကြီးကျန်ခဲ့တယ်။

ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]Where stories live. Discover now