Unicode
"မိုစံအိမ်"
အဆောက်အဦးက ထွက်လာပြီးတာနဲ့ ဗရော်နီကာက လော်ရာမို သူမအတွက်ထားပေးထားတဲ့ ကားမောင်းသူကို ပြောလိုက်တယ်။
လွန်ခဲ့တဲ့၁ပတ်လောက်တုန်းက မိုဟန်လုရဲ့အမေက ဟန်လု ဗရော်နီကာနဲ့ ဘာပဲဖြစ်ဖြစ် လက်ထပ်ရမယ်လို့ ကြေညာပြီးကတည်းက ဘယ်သူမှ အယ်လ်ဖာကို မတွေ့ရတော့ဘူး။လော်ရာမိုက အကြိမ်ပေါင်းများစွာ ကြိုးစားပြီးဖုန်းခေါ်ပေမဲ့ လွန်ခဲ့တဲ့၄ရက်လောက်ကစပြီးတော့ ဖုန်းအဝင်ကောလ်တွေက မရတော့ဘူး။
အဲ့ဒီ့တစ်ခါ မိုဟန်လုက သူမကိုလက်ထပ်ဖို့ သဘောတူပြီးတာတောင် သူက ဗရော်နီကာနား ကပ်လည်းမကပ်ဘူး..ကလေးအကြောင်းလည်း တစ်ခွန်းမှမမေးခဲ့ဘူး။ဟန်လုက သူမကို ပြည့်ပြည့်ဝဝ လျစ်လျူရှုနေခဲ့တာ။မိုဟန်လုက သူမအပေါ်အရမ်းကြင်နာခဲ့တဲ့အတွက် ဗရော်နီကာက ဒီလိုဆက်ဆံမှုမျိုးခံရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။အခုလိုမျိုး သူက တစ်ခါမှ သူမအပေါ် မှာ မအေးစက်ခဲ့ဘူး။
အယ်လ်ဖာက ကလေးက သူ့ကလေးမှန်းသာသိရင် သူမကို အရင်တုန်းက အတိုင်း ပြန်ဂရုစိုက်မယ်လို့ ဗရော်နီကာက ကျိန်းသေပေါက် ယုံကြည်ထားခဲ့တာ။ဒါပေမဲ့ သူမ ထင်သမျှတစ်ခုမှ ဖြစ်မလာခဲ့ဘူး။
အရင်တုန်းက ဗရော်နီကာက ဟန်လု သူမကိုကြိုက်တယ်လို့ ထင်ခဲ့တယ်။ဒါပေမဲ့လည်း အခု အဲ့လိုမဟုတ်ဘူးဆိုတာ သိလိုက်ရတော့ သူမရဲ့မာနကိုထိခိုက်သလို ခံစားလိုက်ရတယ်။
ဒီလိုစီစဉ်မှုမျိုးကို ဗရော်နီကာ လက်ခံခဲ့တဲ့အကြောင်းအရင်းက မိုဟန်လုက သူမကို နည်းနည်းလေးပဲဖြစ်ဖြစ် ကြိုက်တယ်ဆိုတာ ယုံကြည်ချက်ရှိနေခဲ့လို့လေ။
ဒီတိုင်းသာဆို သူမလည်း မိုလောင်ထရန်းရဲ့ အိုမီဂါဇနီးသည်လို ဖြစ်သွားမှာမဟုတ်ဘူးလား? အိမ်မှာနေပြီး မနက်ရောက်ရင်ကလေးတွေထိန်းပြီး ညရောက်ရင်ယောကျာ်းကိုဂရုစိုက်ရတာမျိုး? နေ့တိုင်း ထိုပုံစံအတိုင်းပဲ?
မရဘူး! ဗရော်နီကာက အဲ့လိုမျိုးအဖြစ်မခံဘူး။မိုမိသားစုဝင်တစ်ယောက်နဲ့ လက်ထပ်ရင်တောင် အိမ်ထောင်ရှင်မ ဖြစ်ဖို့က သူမရဲ့အစီအစဉ်ထဲမှာ မပါဘူး။သူမ ကိုယ်တိုင် အိမ်မှာကလေးထိန်းနေရတဲ့ ပုံစံကို တစ်ခါမှတောင် တွေးမကြည့်ဖူးဘူး။
ВЫ ЧИТАЕТЕ
ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]
БоевикAll credits go to original writer @lesson101.I am just a translator of this novel. Story cover from google and it belongs to the artist. Book 1-Doted by the Alpha(ချစ်တတ်လွန်းသောအယ်လ်ဖာ) [total 80 parts] Book 2-My Husband is a Mafia Boss(ငါ့ယောကျာ်း...