"သားရဲ့ ချစ်သူ ဟုတ်လား?"
"ဟုတ်တယ်လေ သားလေးရဲ့။Taemin
လေးကသားရဲ့ချစ်သူလေ။သူက သားလေးကို သိပ်ချစ်ရှာတာ။သားဆေးရုံတက်နေရတဲ့
သုံးနှစ်လုံး သူကပဲ အစအဆုံးကူညီပေးခဲ့တာ။ဆေးရုံတင်တာတောင်မှ သူတို့မိသားစု
ပိုင်တဲ့ ဒီဆေးရုံကြီးမှာပဲ ကုသစေခဲ့တာ။စိတ်ချရအောင်လို့တဲ့။သားလေးဆီကို သူနေ့တိုင်းလာတယ်။ဒီနေ့လည်း သူရောက်လာမှာ၊သားလေးစောင့်နေလိုက်နော်"Jimin ငြိမ်ငြိမ်လေးသာ နားထောင်နေမိသည်။
"ကဲ၊ဒါဆို သားလေး အနားယူလိုက်ဦးနော်။
ဖေဖေတို့ အပြင်ခနသွားလိုက်ဦးမယ်"ထိုအခါ လူသားသေးသေးလေးက ခေါင်းလေးငြိမ့်ပြလာလေ၏။
ဖေဖေနဲ့ မေမေတို့ ထွက်သွားတာနဲ့ကုတင်
ပေါ်မှာပဲ မလှုပ်မယှက်ထိုင်နေမိသည်။ချစ်သူ?ကျွန်တော့်ချစ်သူက ဘယ်သူလဲ?
ဖေဖေနဲ့ မေမေတို့ကို မှတ်မိနေပြီး သူ့ကိုကျ
ဘာလို့မှတ်မိမနေရတာလဲ?အတိတ်ကအကြောင်းအရာတို့ကို မှတ်မိလိုငြားစဉ်းစားသော်လည်း အချည်းနှီးသား။ထိုစဉ် တိုးဝင်လာသော လေနုအေးအေးလေးကြောင့် ဆက်တွေးမနေပဲ ကုတင်ပေါ်မှဆင်းကာ ပြတင်းပေါက်နားလေးမှာ ရပ်ပြီး ပြင်ပလောကကြီးကို ကြည့်နေမိသည်။ဆောင်းဦးရာသီရဲ့ အငွေ့အသက်လေးများ ပါဝင်သော
လေအေးအေးလေးတွေက ကျွန်တော့်မျက်နှာမျက်နှာကိုလာရောက်ထိခတ်ကျီစယ်နေကြသည်။မျက်လုံးများမှိတ်ကာ လေနုအေးလေးတွေကိုခံစားနေရင်း_____"ချောက်"
တံခါးဖွင့်သံကြောင့်နောက်လှည့်ကြည့်မိတော့
ယောင်္ကျားလေးတစ်ယောက်။မယုံကြည်နိုင်ခြင်း၊အံ့ဩသလို အမူအရာများက သူ့မျက်နှာမှာ အထင်းသား။အနက်ရောင်ဆံပင်တို့ကို နောက်သို့လှန်တင်ထားပြီး suitအပြည့်နှင့် ထိုလူက ချောမောပြေပြစ်သောမျက်နှာနှင့် ကျစ်လစ်သောခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထားသည်။
ကျွန်တော်ရပ်ကြည့်နေမိစဉ် တစ်ဖက်ကလူမှာ မျက်ရည်များစီးကျလာကာ အပြေးလာ ထွေးပွေ့သည်။ရုတ်တရက် ထွေးပွေ့ခြင်းခံလိုက်ရသောကြောင့် မျက်လုံးအပြူးသားနဲ့သာ ထိုသူရဲ့ ရင်ခွင်ထဲမှာ တောင့်တောင့်ကြီးနေနေမိသည်။
YOU ARE READING
More Than Life
Fanfictionကိုယ့်ရဲ့ ပျက်စီးသွားတဲ့ ဘဝအကြောင်းကို ပြောပြဖို့ မင်းဆီကိုရောက်လာခဲ့တာ- မင်းရဲ့ ခေါင်းမာမှု၊ဝမ်းနည်းမှုတွေကြောင့် ဒီနေရာမှာပဲ အဆုံးသတ်မယ်- ဒီအချစ်ဇာတ်လမ်းကို အဆုံးသတ်ဖို့ ကိုယ်ပြန်လာခဲ့တာ-