"သား လွမ်းလာရင် မေမေတို့ဆီလာမှာနော်"
မျက်နှာငယ်လေးနှင့် ငိုသံလေးရှိုက်ကာ
မိခင်ရင်ခွင်ထဲ ဝင်တိုးနေသော ချစ်ရသူက
ခုလိုကျတော့လည်း ကလေးလေး အတိုင်းပင်
အသည်းယားစရာကောင်းလှသည်။ကျွန်တော့်အတွက်တော့ ချစ်ရသူရဲ့ အမူအရာ၊အပြောအဆိုလေးကအစ အကုန် မြတ်နိုးခဲ့ရတာချည်းပဲ။ချစ်ရသူနဲ့ပတ်သတ်တဲ့ဘယ်အရာကို မဆို နှစ်သက်တတ်တဲ့ ကျွန်တော်က
တစ်ယောက်သောသူကိုတော့ မုန်းခဲ့မိတယ်။
ဘာလို့လဲ၊ဘယ်သူလဲလို့ လာမမေးနဲ့။မေးခွန်းတိုင်းအတွက်အဖြေက ရှိမနေခဲ့လို့ပဲ။မရှိခြင်းရဲ့အကြောင်းအရင်းက ဘာလဲလို့ မေးလာရင်တော့ ကျွန်တော်ကိုယ်တိုင်က ဆန္ဒမရှိတဲ့အတွက် အဖြေဟာရှိမနေခြင်းဖြစ်သည်။"ကဲ သားလေး အချိန်လည်း နေ့ခင်းရောက်နေပြီဆိုတော့ ဖေဖေတို့ သွားတော့မယ်"
မိခင်ရင်ခွင်ဆီမှ ဖခင်ဖြစ်သူရင်ခွင်ထဲသို့
ပြောင်းသွားကာ"သားဆီ မကြာမကြာ လာနော် ဖေဖေ"
"ဟုတ်ပါပြီ ဘူဆန်နဲ့ ဆိုလ်းက သိပ်မှ မဝေးပဲကို ။ဖေဖေတို့ လာမှာပါ။သားလေးသာ
Taeminနဲ့ ကောင်းကောင်းမွန်မွန်နေကြ""ဟုတ် "
"အင်း အ့ဆို ဖေဖေတို့သွားတော့မယ်"
မိသားစုသုံးယောက် နောက်ဆုံးအနေနှင့်
ပွေ့ဖက်လိုက်ကြသည်။"Taemin အန်ကယ် စိတ်ချမယ်နော်"
"ဟုတ် စိတ်ချပါ အန်ကယ်"
"သား ကိုယ့်က်ုကိုယ်ရော၊taeminလေးကိုရော ဂရုစိုက်နော်"
"ဟုတ်မေမေ "
မျက်ရည်စများ ရစ်သိုင်းနေသော်လည်း
အပြုံးတို့နှင့်သာ မေမေနှင့်ဖေဖေအား နှုတ်ဆက်လိုက်သည်။ခြံထဲမှ ထွက်သွားသော ကားလေး မြင်ကွင်းမှ ပျောက်သည်အထိ ရပ်ကြည့်နေမိသည်။"min "
"ဟင်"
"Min လွမ်းလာတဲ့အခါကျရင် သွားတွေ့လို့ရတာပဲ။အဲ့ခါကျ ကိုယ်လိုက်ပို့ပေးမယ်"
"ကျေးဇူးပါ taemin"
"Min ကိုယ်ပြောပြီး ပြီမလား?ကိုယ်တို့ကြားမှာ ကျေးဇူးဆိုတာ သုံးစရာမလိုဘူးလို့။
ကိုယ့် ဆန္ဒက minဆန္ဒပဲမို့ min ဘာမှ အားနာနေစရာမလိုဘူး။နောက်ခါ ကျေးဇူးဆိုတာကို မသုံးနဲ့ ဟုတ်ပြီလား?"
YOU ARE READING
More Than Life
Fanfictionကိုယ့်ရဲ့ ပျက်စီးသွားတဲ့ ဘဝအကြောင်းကို ပြောပြဖို့ မင်းဆီကိုရောက်လာခဲ့တာ- မင်းရဲ့ ခေါင်းမာမှု၊ဝမ်းနည်းမှုတွေကြောင့် ဒီနေရာမှာပဲ အဆုံးသတ်မယ်- ဒီအချစ်ဇာတ်လမ်းကို အဆုံးသတ်ဖို့ ကိုယ်ပြန်လာခဲ့တာ-