အချစ်စစ်ခရီးလမ်းတိုင်းက ဖြောင့်ဖြူးနေတတ်တာမဟုတ်ပေ။အနည်းငယ်တော့ ကြမ်းတမ်းတဲ့ အကွေ့အကောက်တွေကိုတော့
ကြုံတွေ့ရတတ်သည်။ထို အကွေ့အကောက် ဒဏ်တွေကို မခံစားနိုင်လို့ ကွဲကာသွားကြတဲ့
အချစ်တွေရှိသလို၊နားလည်မှုတွေနဲ့ ကျော်ဖြတ်ကာ လက်တွဲသွားကြတဲ့ အချစ်တွေလည်းရှိသည်။"ဂျွန် မနက်က ဖုန်းခေါ်သေးတယ် မအားသေးပါဆိုလို့"
"အင်း ဟုတ်တယ် ကိုယ် ဂျူမီနဲ့ ပြောနေတာ"
"အော်"
Kitchen counter မှာ ချက်ပြုတ်နေသော ဂျွန့်ကျောပြင်အားငေးကြည့်နေမိသည်။
"ရပြီ စားတော့မလား?"
"အင်း "
"အ့ဆို ကိုယ် ပန်းကန်လုံးထဲ ထည့်ပေးမယ်"
"ဟင့်အင်း အဲ့တိုင်းစားမယ် ယူခဲ့"
"အင်း အင်း "
Jungkookလည်း ခေါက်ဆွဲပြုတ်အိုးကို စားပွဲအလယ်သို့ ချလိုက်ကာ တူနှစ်စုံယူကာ
Jiminအား တစ်စုံပေးလိုက်ကာ မျက်နှာချင်းဆိုင်ခုံသို့ ဝင်ထိုင်လိုက်သည်။
ခေါင်းချင်းဆိုင်ကာ ခေါက်ဆွဲပြုတ်အား
အားပါးတရ စားနေလိုက်သည်။"ဂျွန် တော်တော့ "
သူ နည်းနည်းပဲစားရသေးတာမို့ထင်သည်။
ခေါက်ဆွဲပြုတ်အိုးအား သူ့ရှေ့သို့ ဆွဲကာ
Jungkookအား ဆက်မစားခိုင်းသော
Jiminကြောင့် jungkook ပြုံးရယ်မိသည်။"ကိုယ် ထပ်ပြုတ်ပေးရမလား?"
"တော်ပြီ ဒါပဲ စားမယ် "
တီ တီ တီ
ဖုန်းလာသံကြောင့် Jungkook
မီးဖိုချောင်ထဲမှ ထွက်လာလိုက်ကာ ဧည့်ခန်းစားပွဲပေါ်က ဖုန်းကိုကိုင်လိုက်သည်။"ဟယ်လို ဂျူမီ"
"....."
"အခုလား ?"
"........"
"အာ ဟုတ်ကဲ့ ခနနေ ကျွန်တော်လာခဲ့လိုက်ပါ့မယ်"
Jungkook ဖုန်းပြောသံကို jimin အတိုင်းသားကြားနေရသည်။
Jungkook ဖုန်းပြောပြီး သူ့ဆီ ပြန်လာနေတာမို့ ခေါက်ဆွဲပြုတ်သာ ဆက်စားနေလိုက်သည်။
YOU ARE READING
More Than Life
Fanfikceကိုယ့်ရဲ့ ပျက်စီးသွားတဲ့ ဘဝအကြောင်းကို ပြောပြဖို့ မင်းဆီကိုရောက်လာခဲ့တာ- မင်းရဲ့ ခေါင်းမာမှု၊ဝမ်းနည်းမှုတွေကြောင့် ဒီနေရာမှာပဲ အဆုံးသတ်မယ်- ဒီအချစ်ဇာတ်လမ်းကို အဆုံးသတ်ဖို့ ကိုယ်ပြန်လာခဲ့တာ-