ဝိုင်းစက်နေတဲ့ မျက်ဝန်းဝိုင်းတွေ မြင်လိုက်တိုင်း
အဲ့မျက်ဝန်းတွေက ရံဖန်ရံခါ ကြည့်တတ်တဲ့
ရွှန်းစိုစို အကြည့်တွေ"ငါ"လို့ သုံးနှုန်းတတ်တဲ့ နှုတ်ခမ်းပါးတွေက အန္တရာယ်မရှိပေမယ့် အခုနောက်ပိုင်း "ကိုယ်"လို့ ပြောင်းသုံးလာတဲ့အခါ ရင်ဘတ်ထဲက လှိုက်တက်လာသည်။ရင်ခုန်သံ သဲ့သဲ့လေးကို ကြားလိုက်ရသည်။
ငါ ရင်ခုန်နေမိတာလား?
ကိုယ့်အပေါ် မကောင်းတဲ့သူတစ်ယောက်ကိုလေ။ပြီးတော့ မဖြစ်နိုင်တဲ့ ဟိုအဝေးကြီးက ကြယ်ပွင့်လေးတစ်ပွင့်ကိုလား?
Jungkookရဲ့ စကားကြောင့် jimin စိတ်ထဲ
ဆို့နင့်သွားသောကြောင့် အမြန်ပင်ထွက်လာကာ ခြံထဲသို့ ဆင်းလိုက်သည်။ဒီလောက်ဖြစ်စရာလိုလို့လား?မျက်ရည်တွေ?
ဘာလို့ မျက်ရည်ဝဲနေရတာလဲ?မငိုနဲ့ Park jimin ။ဒါက ငိုစရာမှ မဟုတ်တာ။ဒီထပ်ဆိုးတဲ့ အခြေအနေကိုတောင် ပြုံးပြုံးလေး ကြံ့ကြံ့ခံလာနိုင်တာကို အခု ဒီ ဘာမဟုတ်တဲ့စကားလေးကြားလိုက်တာနဲ့ မျက်ရည်ဝဲတဲ့အထိဖြစ်နေသည်။ကိုယ့်ကို အစေခံလိုသဘောထားနေတဲ့ သူ့ကြောင့်လား?
သေချာတာကတော့ jimin ခံစားရသည်။"Jimin "
အောက်ထပ် အမြန်ဆင်းလိုက်သော်လည်း
မမှီလိုက်သောကြောင့် ခြံစောင့်ဦးလေးကို မေးကြည့်တော့ အိမ်တော်ရဲ့ အနောက်ဘက်ကို ထွက်သွားသည်လို့ ဆိုသောကြောင့် လိုက်လာခဲ့လိုက်သည်။ချယ်ရီပင်အောက်က ခုံရှည်လေးအပေါ်
ထိုင်နေသော jimin အား ခေါ်လိုက်တော့
စ်ုစွတ်နေသော မျက်ဝန်းတို့ဖြင့် လှည့်ကြည့်လာပြီး jungkookမှန်းသိသောအခါ လက်ခုံဖြင့် မမြင်စေရန် မျက်ရည်တို့အား အမြန်သုတ်ဖယ်နေသည်။"Jimin "
ထိုင်နေသော သူရှေ့ ရပ်လိုက်ကာ ခေါ်လိုက်သော်လည်း မျက်နှာလွှဲနေသော jimin ကြောင့် Jungkook ဒူးတစ်ဖက်ထောက်ကာ
ထိုင်ချလိုက်တော့ အံ့ဩသလို မျက်လုံးများနှင့် ကြည့်လာသည်။"ကိုယ် ကိုယ် တောင်းပန်ပါတယ်
မင်းကို အဲ့လိုသဘောမျိုးနဲ့ ပြောတာမဟုတ်ပါဘူး။မင်းအပေါ်ကို အဲ့လို သဘောထားမျိုး
တစ်ခါမှ မထားခဲ့ဘူး။တကယ်ပါ "
YOU ARE READING
More Than Life
Fanfictionကိုယ့်ရဲ့ ပျက်စီးသွားတဲ့ ဘဝအကြောင်းကို ပြောပြဖို့ မင်းဆီကိုရောက်လာခဲ့တာ- မင်းရဲ့ ခေါင်းမာမှု၊ဝမ်းနည်းမှုတွေကြောင့် ဒီနေရာမှာပဲ အဆုံးသတ်မယ်- ဒီအချစ်ဇာတ်လမ်းကို အဆုံးသတ်ဖို့ ကိုယ်ပြန်လာခဲ့တာ-