💔 Part-6 💔

1.3K 128 1
                                    

တစ်ပတ်။
minသတိရလာတာ ဒီနေ့နဲ့ဆို တစ်ပတ်ပြည့်ပြီ။တစ်ပတ်အတောအတွင်း minနဲ့ ကျွန်တော်ရဲ့ ဆက်ဆံရေးကလည်း ပုံမှန်အနေအထားပါပဲ။minရဲ့ အလိုအတိုင်းပဲ
မိတ်ဆွေအနေနဲ့ပဲ အနားမှာ နေပေးမိသည်။
ကိုယ့်ဘက်က သေလောက်အောင်ချစ်နေပါစေဦးတော့ ချစ်ရသူဘက်က တုံ့ပြန်ချက်မရှိတဲ့ အချစ်တစ်ခုကို ကျွန်တော်တစ်ခါမှ မလိုချင်ခဲ့ဘူး။မလိုချင်ခဲ့လို့နဲ့ တူပါရဲအခုကျွန်တော်အဲ့လိုအချစ်မျိုးနဲ့ ကြုံတွေ့နေရသည်။တစ်ဖက်သက်အချစ်က စကားလုံးအနေနဲ့ပဲလှတာ တကယ်တမ်း ရင်ကွဲမတတ်ပဲ
နာကျင်ရတယ်။ဒါမဲ့ကျွန်တော့်အတွက်ကတော့ minအနားမှာနေရရုံနဲ့တင် ကျေနပ်နေပြီ။နောင်တစ်ချိန် minကိုယ့်အချစ်တွေကို
မြင်လာပါစေ။

"ဟုတ်ကဲ့ ဒီနေ့meetingကတော့ ဒီလောက်ပါပဲ"

နောက် project အတွက် ရှယ်ယာရှင်များနှင့်
အစည်းအဝေးလုပ်ရ၊နိုင်ငံခြား customer
တွေနဲ့ တွေ့ဆုံရတာကြောင့် minဆီ ဒီနေ့ မသွားဖြစ်သေး။ထို့ကြောင့် ညနေကျရင်တော့ သွားရမည်။မြတ်နိုးရတဲ့ မျက်နှာလေးအား
မြင်ချင်လှပြီ။အစည်းအဝေးပြီးနောက် အိမ်တော်ဆီ ပြန်ကာ ရေချိုးသန့်စင်ပြီး ကားသော့ဆွဲကာ ထွက်လာတော့ ဧည့်ခန်းထဲက မေမေက တစ်ချက်လှမ်းပြောသည်။

"ဒါကဘယ်လဲ?ခနကမှ အလုပ်က ပြန်လာတာမလာ?"

"သား minဆီ သွားမလို့ မေမေ"

"Han Taemin ။မင်း တစ်ချိန်လုံး min minကြည့်ပဲ။မင်းအတွက်ရော ကြည့်ရဲ့လား?
ဟမ်!ဟိုးကတည်းက မင်း အဲ့ကောင်လေးအတွက်ပဲ ရှေးရှု့ခဲ့တာ။ငါတို့မိဘတွေကိုတောင် မင်းခေါင်းထဲထည့်သေးလား?
ထည့်သေးလား မဟုတ်ဘူး။ထည့်ကိုမထည့်ခဲ့တာ။မင်းအနားမှာ ဒီလောက်ပြီးပြည့်စုံနေတဲ့ မိန်းကလေးတွေရှိနေတာတောင်မှ မင်းဘာလို့ အဲ့ကောင်လေးကို မလွန်ဆန်နိုင်ရတာလဲ?အဲ့လောက်တောင်ပဲလား?ဟင်!အဲ့ကောင်လေးကို အဲ့လောက်တောင်မင်းချစ်တာလား?ဟုတ်လား!"

"ဟုတ်တယ်မေမေ။သား သူ့ကို ချစ်တယ်။
ချစ်တာ အရမ်းချစ်တာ။နှစ်နှစ်ကာကာကို ချစ်တာ။ချစ်တာမို့ သားပိုင်ဆိုင်ချင်မိတယ်မေမေ။မေမေနားလည်ပေးပါ။minက ခုမှ သားဘဝထဲကို တစ်ဖန်ပြန်ရောက်လာတာ။
သား ဒီတစ်ခါတော့ အဆုံးရှုံး မခံနိုင်တော့ဘူး
မေမေ။မေမေနားလည်ပေးပါနော်။သား
သိပ်ချစ်တာမလို့ပါ"

More Than LifeWhere stories live. Discover now