တောင်ကိုရီးယားနိုင်ငံ_ဆိုလ်းမြို့
နံနက်ခင်းရဲ့နေရောင်ခြည်နုနုလေးဟာ
ကမ္ဘာမြေပြင်ပေါ် ကျရောက်လာတာနဲ့ ကိုယ်စီကိုယ်ငှသွားလာလှုပ်ရှားနေကြတဲ့သူတွေ၊လမ်းမထက်မှာ ကူးလူးဆက်နွှယ်နေကြတဲ့ ကားရောင်စုံလေးတွေ။
အသက်ဝင်နေတဲ့ ပန်းချီကားတစ်ချပ်လိုပင်..ဟန် မျိုးနွယ် အုပ်ချုပ်သော Hangsang private ဆေးရုံကြီးမှာလည်း ဖြာကျနေသောနေရောင်ခြည်အလင်းတန်းအောက်မှာ ခမ်းနားထည်ဝါစွာ တည်ရှိနေလျက်။ အတော်ဆုံး ပါရဂူတွေ၊ဆရာဝန်တွေ၊nurseတွေ၊ကမ္ဘာ့အဆင့်မှီ စက်ပစ္စည်းများနှင့်သာ ဖွဲ့စည်းကုသပေးနေသော Hangsang ဆေးရုံကြီးမှာ ဆိုလ်းမြို့ရဲ့ အထင်ကရ ဆေးရုံကြီးဆိုလည်းမမှားပေ။
အားးးးးးး
သာယာသောနံနက်ခင်းရဲ့ အေးချမ်းမှုကို ဖြိုခွင်းလိုက်သော အသံတစ်ခု...
အချက်ပေးသံတစ်ခု ပေါ်လာတာနဲ့ ပါရဂူကြီးများ အသီးသီး ရောက်ရှိလာကြတာက 13လွှာရဲ့ VVIP အခန်းထဲသို့ပင်။ကုတင်ထက်မှာ လဲလျောင်းနေတဲ့ လူနာလေး သတိရလာပြီးဖြစ်တဲ့အတွက်ကြောင့် ဝမ်းသာလုံးဆို့ကာ မျက်ရည်ပင်ဝဲမိတဲ့အထိ။ဒီလူသားလေး ဒီကုတင်ထက်မှာ အိပ်စက်နေခဲ့ရတဲ့ အချိန်တွေက
နည်းနည်းနှောနှော အချိန်တွေမှ မဟုတ်ခဲ့တာ။ဒီလူသားလေး နိုးထလာတာနဲ့ တစ်ယောက်သောသူရဲ့ မျှော်လင့်ချက်အိပ်မက်ကလေးလည်း အသက်ဝင်လာလေပြီ။စစ်ဆေးစရာများစစ်ဆေးပြီးတဲ့နောက် အခန်းအပြင်ဘက်မှာ မျှော်လင့်ခြင်းများစွာနဲ့ စောင့်ဆိုင်းနေပါသော Park မိသားစုအား ပါရဂူကြီးများ ဝမ်းသာ အပြုံးများနှင့်နှုတ်ဆက်ကာ ထွက်သွားကြလေသည်။"mochi လေး..."
ပြတင်းပေါက် အပြင်ကို ငေးကြည့်နေရာမှ လှည့်ကြည့်လာပါသော မျက်ဝန်းကျဉ်းကျဉ်းလေးတွေ။နှစ်အတော်ကြာ အိပ်စက်နေခဲ့လို့ ထင်ပါရဲ့၊အစ်ဖောင်းနေတဲ့ မျက်ခွံလေးတွေ၊ပါးဖောင်းဖောင်းလေးတွေ၊အနည်းငယ်ရဲသွေးသမ်းနေသော နှုတ်ခမ်းဖူးဖူးလေး၊နေရောင်ခြည်နဲ့ ထိတွေ့ခွင့်မရခဲ့တဲ့ အသားအရေလေးမှာလည်း ထိရက်စရာမရှိ။ရှည်စပြုနေတဲ့ အနက်ရောင်ဆံပင်ပျော့ပျော့လေးတွေကလည်း မျက်နှာနုနုလေးထက်မှာ ဖြာဝဲကျနေလျက်။လူနာဝတ်စုံ အဖြူ ရောင်ဝမ်းဆက်လေးနဲ့ လူသားလေးဟာ လူနာတစ်ယောက်ပါလို့ ထင်မှတ်ဖွယ်ရာမရှိ။Angleလေး တစ်ပါးကဲ့သို့ပင်။
YOU ARE READING
More Than Life
Fiksi Penggemarကိုယ့်ရဲ့ ပျက်စီးသွားတဲ့ ဘဝအကြောင်းကို ပြောပြဖို့ မင်းဆီကိုရောက်လာခဲ့တာ- မင်းရဲ့ ခေါင်းမာမှု၊ဝမ်းနည်းမှုတွေကြောင့် ဒီနေရာမှာပဲ အဆုံးသတ်မယ်- ဒီအချစ်ဇာတ်လမ်းကို အဆုံးသတ်ဖို့ ကိုယ်ပြန်လာခဲ့တာ-