အ့
" သားလေး ဘာဖြစ်တာလဲ?"
" ခေါင်း-ခေါင်းတွေ ကိုက်တယ် မေမေ!"
"ကျွန်တော် - ကျွန်တော် ဒေါက်တာကို သွား
ခေါ်လိုက်မယ် အန်တီ"မျက်ရည်စများကို လက်ခုံဖြင့်သုတ်ဖယ်ကာ အပြေးထွက်သွားသော Taeminအား
Mrs .Park ကြည့်နေမိသည်။ အရေးပေါ်ခလုတ်ရှိနေတာကိုပင်မေ့ကာ ဆောက်တည်ရာမရပြေးထွက်သွားသော Taeminရဲ့ အပြုအမူက သားလေးအပေါ်
ဘယ်လောက်ထိ ချစ်မြတ်နိုးကြောင်း ဖော်ပြနေသလို။
.......................................……………………ခနအကြာ-
"စိတ်ပူစရာမလိုတော့ပါဘူး။လူနာက သတိရခါစ အခြေအနေမှာ ခေါင်းရှုပ်စရာတစ်ခုခု တွေးလိုက်ပြီး စိတ်ဖိစီးသွားတာမို့ပါ။အခုတော့ ဆေးထိုးပေးထားတဲ့အတွက် ခဏတော့ အိပ်ပျော်နေပါလိမ့်မယ်။ပြီးရင် Mr.Parkတို့ ကျွန်တော့် ရုံးခန်းထဲကို လာခဲ့ပါ။အခုတော့ ကျွန်တော့်ကို ခွင့်ပြုပါဦး"
ထိုအခါ Mr.Parkမှ-
"ဟုတ်ကဲ့ ကျွန်တော်တို့လာခဲ့ပါ့မယ် ဒေါက်တာ"
ဒေါက်တာအား ဦးညွတ်နှုတ်ဆက်လိုက်ကြသည်။
"Taemin-သားလေးရောလိုက်ခဲ့ချင်လား?
mochiလေးနဲ့ပတ်သက်တာဆိုတော့ သားလေးလည်း သိသင့်စရာရှိတာ သိရအောင်လို့"Mrs.Park မေးလေတော့ တွင်တွင်လေးခေါင်းငြိမ့်ပြလာသည်။ဒီကလေးလေး စိတ်မကောင်းဖြစ်သွားဟန်တူသည်။
"ဟုတ်ကဲ့ ကျွန်တော်လိုက်ခဲ့ပါ့မယ်"
ထို့နောက် သုံးယောက်သား ဒေါက်တာ့ရုံးခန်းဆီကိုသာ ဦးတည်လိုက်ကြသည်။ ရုံးခန်းထဲရောက်တော့ ဒေါက်တာက fileတွဲတစ်ခုကြည့်နေရင်းမှ ထိုင်ရန်ညွှန်ပြလေသည်။
ထို့နောက် အံဆွဲထဲမှ အညိုရောင်အိတ်လေးတစ်အိတ်အား စားပွဲပေါ်သို့ တင်ပေးရင်း—"ဒါက လူနာ Park jiminရဲ့ Brain X-ray result ပါ"
ဒေါက်တာရဲ့ ရုတ်တရက်အပြောကြောင့် Taeminမှာ စိုးရိမ်စိတ်များ ဖြစ်လာရသည်။min တစ်ခုခုများဖြစ်လို့လား? အန်တီနဲ့ uncleကိုကြည့်မိတော့လည်း သူ့နည်းအတိုင်းသာ။
YOU ARE READING
More Than Life
Fanfictionကိုယ့်ရဲ့ ပျက်စီးသွားတဲ့ ဘဝအကြောင်းကို ပြောပြဖို့ မင်းဆီကိုရောက်လာခဲ့တာ- မင်းရဲ့ ခေါင်းမာမှု၊ဝမ်းနည်းမှုတွေကြောင့် ဒီနေရာမှာပဲ အဆုံးသတ်မယ်- ဒီအချစ်ဇာတ်လမ်းကို အဆုံးသတ်ဖို့ ကိုယ်ပြန်လာခဲ့တာ-